Thursday 20 May 2021

Miso Soup

 



ဒီနေ့တော့ ဆီးချိုဝေဒနာရှင်တို့ သောက်လို့ရမဲ့ ဟင်းချိုတစ်မယ် ချက်ပါတယ် ပါဝင်ပစ္စည်းလေးတွေကိုလဲ ရှာပြီးဝယ်လို့ ရမယ်ထင်တဲ့အတွက် ကယ်လိီုရီအတွက် ပါဝင်ပစ္စည်းလေးတွေကို တွက်ချက်ပြီး ချက်ထားတဲ့ ဟင်းချိုချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရေသန့် - ငါးလီတာခွဲခန့်
  2. ရေညှိပြား - ခြောက်လက်မခန့်
  3. White Miso - 1/4 cup
  4. Sake - 1/2 cup (ဂျပန်အရက်)
  5. Dired wakme seaweed - 1/3 cup
  6. Silken Tofu - အတုံးကြီးကြီး တစ်တုံး
  7. ကြက်သွန်မိတ် - နှစ်ပင်
  8. ချင်းတက် - လက်တစ်ဆစ်ခန့်
  9. ပင်အပ်မှို - အနည်းငယ်
ပြင်ဆင်ပုံ
  • Dired wakme seaweek ကို ရေမြုပ်အောင်ထည့်ပြီး စိမ်ထားပါ
  • ရေစိမ်ထားတာ နူးလာတာနဲ့ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • တို့ဟူးကို မိမိစိတ်ကြိုက် အနေတော်လေးတွေ တုံးပေးထားပါ
  • ကြက်သွန်မိတ်ကို ရေစင်အောင်ဆေးပြီး အနေတေ ာ်လေးတွေ လှီးပေးထားပါ
  • အပ်မှိုကို မလိုတာတွေ ဖယ်ပေးပြီး ရေဆေးကာ အနေတော်လေးတွေ ဖဲ့ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ miso & sake ကိုထည့်ပြီး ဆယ့်ငါးမိနစ်ခန့် တည်ပေးပါ
  • ပြီးတာနဲ့ ရေစိမ်ပြီး လှီးထားသော wakme နှင့် တို့ဟူးတို့ကို ထည့်ပြီး တစ်မိနစ်လောက်ဘဲ တည်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ပင်အပ်မှို ချင်း ရေစိမ်ထားသော ရေညှိတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ အပေါ်မှ ဟင်းရည်ကို လောင်းထည့်ကာ ကြက်သွန်မိတ် ထည့်ပေးပြီး သောက်သုံးနိူင်ပါပြီ။

No comments:

Post a Comment