Monday 26 October 2020

ငါးသားပေါက် သန့်စင်နည်း (ပါစွန်ထည့်ရန်)


 







ဒီနေ့တော့ ပါစွန်သုပ်ပါတယ် ပါစွန်လို့ပြောလိုက်တာနဲ့ မသိတဲ့သူ တော်တော်များပါတယ် သိတဲ့သူတွေကျပြန်တော့ အရမ်းကြိုက်တဲ့ အစာတမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။

တကယ်တမ်းကျတော့ ပါစြန္ဆိုတာ မြန်မာပြည်မှာ ငါးစရစ် ဒေါင်းပဆိပ် ငါးလက်ကပ် ငါးတောင်စင်းစသည့် ငါးသေးသေးလေးကို ဆန်လှော်မှုန့်နဲ့နယ်ပြီး အနည်းဆုံး ၃ရက်လောက်ထားပြီးမှ ကြက်သွန်နီ ပင်စိမ်း ရှမ်းနံနံ နံနံပင်စတဲ့ အမွှေးနံ့သာ အရွက်တွေရယ် ဇီးဖြူသီးထောင်း ဒါမှမဟုတ် သံပုရာသီးနဲ့ သုပ္စားရတဲ့  အသုပ်တစ်မျိုးပါ ဇီးဖြူ သီး မရှိရင်လဲ သံပုရာသီးနဲ့ သုပ်စားနိူင်ပါတယ်။

မာမာကေတာ့ မြန်မာငါးတွေ မရနိူင်တဲ့နေရာမှာ ရောက်နေတာမို့ မြန်မာငါး အရသာနဲ့ နီးစပ်တဲ့ ငါးသေးသေးလေးတွေကို အစားထိုးပြီး ပါစွန်လုပ်လိုက်ပါတယ် မြန်မာပြည်က ပါစွန်အရသာနဲ့ တစ်ထပ်ထည်းတူတဲ့ ပါစွန်အရသာရလို့ ပါစွန်လုပ်နည်းလေးကို မျှေ၀လိုက်ပါတယ်။

မြန်မာပြည်မှာတော့ ငှက်ပျောရွက် ကျူ ရွက် သက်ကယ်ရွက်တို့ အရမ်းပေါတဲ့အတွက် အရွက်တွေနဲ့ သေသေချာချာထုတ်ပြီး အပေါ်ကနေ အလေးတစ်ခုနဲ့ ဖိထားရပါတယ်။

အရွက်ကျို အရွက်ကြားက စိမ့်ထွက်လာတဲ့ အရည်တွေကို တစ်ချို့ကတော့ သွန်ပေးကြပြီး တချို့ကတော့ အရည်မသွန်ဘဲ အရည်ထဲမှာ စိမ်ထားတတ်ကြပါတယ်။

အခုနောက်ပိုင်းတော့ ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပြီး ပါစွန်လုပ်ကြပြန်ပါတယ် လုပ်ပုံလုပ်နည်းတွေက တစ်နေရာနဲ့တစ်နေရာ နည်းနည်းစီ ကွာခြားတတ်ပါတယ်။

မာမာကေတာ့ ထုတ္စရာ အရွက်ရှားလို့ ဒီတစ်ခါတော့ အဝတ်စလေးလေးတွေကို နှစ်ထပ်ထပ်ပြီး ကျစ်နေအောင်ထုတ်ကာ ကြိုးနဲ့တင်းနေအောင် စည်းပြီး ပထမတစ်ရက်မှာ တန်းမှာတွဲလောင်းချီထားပြီး ငါးထဲက အရည်တွေ ထွက်သွားအောင် စစ်ပေးထားပါတယ်။

နောက်ရက်ကျတော့မှ ဇလုံတစ်ခုထဲကို ထည့်ပေးကာ ရေမြုပ်အောင် ထည့်ပေးပြီး အပေါ်ကနေ အလေးတစ်ခုနဲ့ ဖိထားပေးကာ တစ်ရက်ထားပေးပါတယ် နောက်ရက်ကျတော့မှ ဆန်ဆေးရေထဲမှာ ထပ်ပြီး တစ်ရက်ခွဲလောက် ထပ်ပြီးစိမ်ပေးထားပါတယ်။

ရာသီဥတု ပူရင်တော့ ဆန်ဆေးရည် စိမ်ထားချိန် နှစ်ရက်ခွဲလောက် ကောင်းကောင်း ချဉ်ပါတယ် မာမာတို့ဆီမှာလို ရာတုဥတု အရမ်းအေးရင်တော့ ဆန်ဆေးရည်နဲ့ စိမ်ထားတဲ့ ရက္က တစ်ပါတ်လောက်မှ ချဉ်ပါတယ် အချဉ်စိမ်ထားတဲ့ ဆန်ဆေးရည်ကိုလဲ သုံးရက်တစ်ခါလောက် လဲပေးရပါတယ်။

ဒီနေ့တော့ ငါးဆေးနည်းကို ပြောချင်ပါတယ် မြန်မာပြည်မှာ ပါစွန်ထည့်ရင်တော့ ငါးသေးသေးလေးတွေက သန့်တဲ့အတွက် အရမ်းကြီး သန့်စင်ရအောင် အချိန်မကြာပါဘူး။

အခုမာမာ သုံးထားတဲ့ ငါးလေးတွေကတော့ အမှိုက်မပါပေမဲ့ သဲတွေပါပါတယ် သဲတွေပါသလို ငါးချေးလေးတွေကလဲ များတဲ့အတွက် ရေတော်တော်များများနဲ့ ဆေးရပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပါစွန်လုပ်ဖို့ ငါးသန့်စင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးသန့်စင်ရန် ပြင်ဆင်ပုံ
  1. ငါး မ်ားကို အိတ်ထဲမှ ထုတ်ပြီးတာနဲ့ အပေါက် ခပ်ကြီးကြီးပါသော ဇကာထဲကို ထည့်ပေးပါ 
  2. ပြီးတာနဲ့ ဇလုံကို အောက်မှာခံပြီး သဲများထွက်ကျသွားအောင် ဇလုံထဲမှာ ရေထည့်ပြီး လှုပ်လှုပ်ပြီး ဆေးပေးပါ
  3. ငါးလေးတွေထဲမှာ သဲတွေ အများကြီး ပါတဲ့အတွက် သဲတွေကုန်သွားအောင် ရေငါးထပ်လောက်နဲ့ ဆေးပေးပါ
  4. သဲများကုန်သွားတော့မှ ငါးမ်ားကို လက်နှင့်နယ်နယ်ပြီး ညှစ်ပေးပါ
  5. ငါးဗိုက်ထဲမှ ချေးများထွက်သွားအောင် ညှစ်ညှစ်ပေးပါ
  6. ပြီးတာနဲ့ ရေတစ်ထပ်နှင့် ဆေးပေးပြီး ရေကုန်သွားအောင် လက်နှစ်ဖက်ကြားမှာ ငါးများကိုထည့်ပြီး ရေများကုန်သွားအောင် ညှစ်ချပေးပါ
  7. ပြီးတာနဲ့ ငါးမ်ားကို နောက်တစ်ခါ လက်နှင့်ညှစ်ပြီး ဆုတ်ပြီးနယ်ပေးပါ
  8. ပြီးတာနဲ့ အထက်ပါ နည်းအတိုင်း ရေနှင့်ဆေးလိုက် ရေကုန်အောင် ညှစ်ချလိုက်နဲ့ လုပ်ပေးပါ
  9. ထိုနည်းအတိုင်း ရေဆေးလိုက် ငါးမ်ားကို ဆုတ်ဆုတ်ပြီး ညှစ်ပေးလိုက်နဲ့ ရေကြည်လာတဲ့အထိ ဆေးပေးပါ
  10. ရေဆေးထားသော ငါးမှမလိုတာတွေ ကုန်သွားပါက ရေကြည်လာပြီ ဖြစ်တဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့ ဇကာစိတ်စိတ်လေးထဲ သြန္ခ်ကာ နောက်ဆုံးအကြိမ် ဆေးပေးပါ
  11. ပြီးတာနဲ့ ရေများ ကုန်သွားအောင် လက်နှင့် အားရှိသလောက် ညှစ်ချပေးပြီးတာနဲ့ ပါစွန်ထည့်ရန် ငါးရေဆေးပြီး သန့်စင်တာ ရပါပြီ။

No comments:

Post a Comment