Monday 12 October 2020

ငှက်ပျောသီးစိမ်း အကြွတ်ကြော်

 





ဒီနေ့တော့ ငှက်ပျောသီး အစိမ်းလေးတွေ ဝယ်လာပြီး အကြွတ်ကြော်လေး ကြော်စားပါတယ် စားလို့အရမ်းကောင်းပြီး ကြော်ရတာလဲ လွယ်ကူလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောသီးအစိမ်း - ငါးလုံး
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ငှက်ပျောသီးများကို အခွံခွာပေးပါ
  • အခွံခွာပြီးတာနဲ့ ရေနှင့် ဆေးပေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ခြစ်ခုံလေးနှင့် ခြစ်ချပေးပါ
  • ငှက်ပျောသီးအားလုံး ခြစ်ပြီးတာနဲ့ ဆားနှင့် နနွင်းမှုန့်ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အိုးထဲကို ဆီခပ်များများ ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပြီး ငှက်ပျောသီးများကို အိုးဆန့်သလောက် ထည့်ပေးပါ
  • ငှက်ပျောသီး ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ငှက်ပျောသီးများ ရွှေဝါရောင် သန်းလာပြီး ကြွတ်ရွလာပါက ဆီပေါ်ကို တက်လာပါလိမ့်မယ်
  • ပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ငှက်ပျောသီး အစိမ်းကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment