Sunday 25 October 2020

ဆန်ပြား ခေါက်ဆွဲကြော်



ဒီနေ့တော့ ဆန်ပြားခေါက်ဆွဲဖတ်လေးတွေ ကိုယ့်ဘာသာကိုယ် လုပ်လိုက်ပြီး အသီးအရွက် များများနဲ့ ကြော်စားပါတယ် ကြော်ပြီးပြီးချင်း ပူပူလူလူလေး စားလို့ကတော့ အရမ်းကို စားလို့ကောင်းတဲ့အတွက် ကြော်စားကြည့်နိူင်အောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - 500 g
  2. ဘဲဥ - နှစ်လုံး
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ကိုက်လံ - အနေတော် တစ်ပင်ပဲ
  6. ပင်ပေါက် - နှစ်သက်သလောက်
  7. ကြွက်နားရွက်မှို - ဆယ်ခုခန့်
  8. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  9. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ။ဘဲဥကို ဇလုံထဲမှာ ဖောက်ထဲ့ပေးပြီး ခေလာက်ထားပါ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြွက်နားရွက်မှိုကို ဇလုံထဲမှာ ရေမြုပ်အောင် ထည့်ပြီး သုံးနာရီလောက် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ကြွက်နားရွက်မှိုကို ရေများများနှင့် ငါးထပ်လောက်ဆေးကာ ခဲနှင့်သဲများ စင်အောင် ဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လွီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လွီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကိုက်လံကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော််လာပြီး  ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ရေစစ်ထားတဲ့ ကြွက်နားရွက်မှို ကိုက်လံနှင့် မုံလာဥနီတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အသီးအရွက်များကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါအသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲ ကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပြီးပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက် တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment