Monday 10 March 2014

ပဲတီချဉ်သုပ်

ပဲတီချဉ် သုပ်
ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ပဲတီချဉ် အသုပ်လေး သုပ်ပါတယ် မာမာ့အကြိုက်ဆုံး အသုပ်တစ်မျိုးဆိုလည်း မမှားပါဘူး ပဲတီကိုမာမာကိုယ်တိုင် အပင်ဖောက် ကိုယ်တိုင်အချဉ်တည်ပြီးမှ သုပ်တာမို့အချဉ်အရသာ အနေတော်လေးနဲ့ သုပ်ထားပါတယ် ပဲတီက ချဉ်လွန်းရင်လည်း စားမကောင်းပါဘူး ချဉ်ယောင်ယောင်လေးမှာ သုပ်ပြီးစားမှေ ကာင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 

  1. ပဲတီချဉ် ဟင်းပြင်ပန်းကန်အသေး - တစ်လုံးစာ
  2. ကြက်သွန်နီအနေတော် -  တစ်လုံး
  3. ကြက်သွန်နီ ဆီချက်  - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီး အကျက်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ

  • ပဲတီချဉ်နှင့် ပါဝင်ပစ္စည်းများ ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇလုံးတစ်လုံးထဲမှ ပဲတီချဉ်နဲ့အတူ ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မြည်းပေးကာ လိုတဲ့အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲတီချဉ်သုပ် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

9 comments:

  1. ထမင်းမြိန်စေတဲ့ ပဲတီချဉ်သုတ်ကလေး အားပေးသွားပါတယ်နော် .. ^__^

    ReplyDelete
    Replies
    1. အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် Phyu Moe Pyae ရေ

      Delete
  2. ပဲတီချဉ်သုပ် မွှေးမွှေးလေး အားပေးသွားတယ် မာမာရေ...
    အမြင်နဲ့တင် စားချင်စရာ ကောင်းမဲ့အရသာ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ ကျေးဇူးအများကြီးတင်ပါတယ်နော်

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. မာမာရေ..ပဲတီအချဉ်တည်နည်းလေးပြောပြပါအုံး..ကူးလုပ်လိုက်တိုင်းပုပ်ပုပ်သွားလို့..း(

    ReplyDelete
    Replies
    1. ဆန်ဆေးရေကို ဆားငံအောင်ထဲ့ ထမင်းကြမ်းအနည်းငယ်ထဲ့ပြီး ၃ရက်လောက်အချဉ်တည်ပြီးမှ ပဲပင်ပေါက်ထဲ့ လေလုံအောင်အုပ်ပြီးထဲ့ထားရင် ၁ရက်လောက်နေရင်စားလို့ရပါတယ် အများကြီးတော့မထဲ့နဲ့နော် စားနိုင်ရုံဘဲထဲ့ပါ
      ပဲပင်ပေါက်က အချဉ်အရမ်းစူးရင်လည်းစားမကောင်းဘူးနော် ညီမလေးရေ

      Delete
    2. ဟုတ်ကျေးဇူးပါနော်.. ကူးလုပ်ကြည့်အုံးမယ်..း)

      Delete
  4. မမမာရေ
    ပဲသီးချဉ်သုတ်လေး အားပေးသွားပါတယ်..
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ် မိုးစက်ဝိုင်ရေ။

      Delete