Friday, 21 February 2014

ငါး သံပုရာပေါင်း ချဉ်ငံစပ်မွှေးမွှေးလေး

ငါး သံပုရာပေါင်း
မာမာ ဒီနေ့ ငါးကို သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်မိတ် ကျူဆိုင် ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ချဉ်ငံစပ်မွှေးမွှေးလေး ပေါင်းထားပါတယ်။

ပေါင်းရလွယ်သလောက် စားလို့ကောင်းတဲ့ ငါးပေါင်းလေးမို့ မျှဝေလိုက်ပါတယ် ငါးလေးကို ပေါင်းတယ်ဆိုတာထက် အရမ်းလွယ်တဲ့နည်းလေးနဲ့ လုပ်ထားပါတယ် အသားငါးကင်တဲ့ aluminum foil နဲ့ပါတ်ပြီး oven ထဲမှာ ထဲ့တာမို့ ကတိကထ မများလှပါဘူး။

မာမာ ပေါင်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ငါးအရသာနယ်ရန်

  • သန့်စင်ပြီးသောငါးတစ်ကောင် - 400g
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ကြက်သားမှုန့်ကို သုံးထားပါတယ်)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ငါးအရသာနယ်ပြီးသော အထဲသို့ထဲ့ရန်
  • လက်တစ်ဆစ်ခန့် လှီးထားသောကြက်သွန်မိတ် - သုံးပင်
  • လက်တစ်ခန့်လှီးထားသော ကျူဆိုင် - ဆယ်ပင်ခန့်
  • ပါးပါးလှီးထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တဥ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - သုံးတောင့်
  • ပါးပါးလှီးထားသော သံပုရာသီး တလုံး
  • ၁၂လက်မခန့်ရှည်သော aluminum foil - တခု
  1. Aluminum foil ကိုခင်းပြီး အရသာများနယ်ထားသော ငါးကိုအကောင်လိုက်တင်လိုက်ပါ
  2. အရသာ အရွက်နှင့်အသီးများကို ငါးဗိုက်ထဲနှင့် အပေါ်အောက်တို့မှာ အဆင်ပြေသလို ပြင်ပေးပါ
  3. အားလုံးပြီးပါက aluminum foil ကို လုံအောင်ထုတ်ပေးပါ
  4. Oven ကို ငါးမထဲ့ခင်မိနစ်နှစ်ဆယ်လောက် ကြိုပြီး 250 ဒီဂရီနဲ့ဖွင့်ထားပေးပါ
  5. မုန့်ဖုတ်သည့်ဗန်းတစ်ခုပေါ်တင်ပြီး oven ထဲထဲ့ပေးပါ
  6. 45 မိနစ်လောက်ထဲ့ပေးပြီးရင် ငါးပေါင်းမွှေးမွှေးလေးရပါပြီ

9 comments:

  1. ငါးသံပုရာပေါင်း လုပ်နည်းလေး မှတ်သားသွားတယ်မာမာရေ... ...
    မာမာပျောက်ပျောက်နေတယ်နော် :P

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်ရေ

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. ငါးပေါင်းလေးကစားချင်စရာ လုပ်နည်းလေးအတွက်လဲ မမာရေ....ကျေးဇူးပါနော်

    ReplyDelete
    Replies
    1. လာလညတဲ့အတွက် ကျေးဇူးပါနော်

      Delete
  3. စားချင်လိုက်တာ အစ်မရေ .. သွားရေကျသွားပါတယ် .. ^____^

    ReplyDelete
    Replies
    1. စားပါ ညီမလေးရေ
      အားမနာနဲ့နော်

      Delete
  4. which fish did you use ?

    ReplyDelete
  5. Ma Yay,
    How do you call this fish in English? Thanks

    ReplyDelete