Friday 21 February 2014

ငါးသံပုရာပေါင်း




မာမာ ဒီနေ့ ငါးကို သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်မိတ် ကျူဆိုင် ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ချဉ်ငံစပ်မွှေးမွှေးလေး ပေါင်းထားပါတယ်။

ပေါင်းရလွယ်သလောက် စားလို့ကောင်းတဲ့ ငါးပေါင်းလေးမို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ် ငါးလေးကို ပေါင်းတယ်ဆိုတာထက် အရမ်းလွယ်တဲ့ နည်းလေးနဲ့ လုပ်ထားပါတယ် အသားငါးကင်တဲ့ aluminum foil နဲ့ပါတ်ပြီး oven ထဲမှာ ထဲ့တာမို့ ကတိကထ မများလှပါဘူး။

ငါးအရသာနယ်ရန်

သန့်စင်ပြီးသော ငါးတစ်ကောင် - 400 g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားမှုန့်ကို သုံးထားပါတယ်)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ငါးအရသာ နယ်ပြီးသော အထဲသို့ထည့်ရန်
လက်တစ်ဆစ်ခန့် လှီးထားသော ကြက်သွန်မိတ် - သုံးပင်
လက်တစ်ခန့် လှီးထားသော ကျူဆိုင် - ဆယ်ပင်ခန့်
ပါးပါးလှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တဥ
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - သုံးတောင့်
ပါးပါးလှီးထားသော သံပုရာသီး - တလုံး
၁၂လက်မခန့်ရှည်သော aluminum foil - တခု
ပြင်ဆင်ပုံ

Aluminum foil ကိုခင်းပြီး အရသာများ နယ်ထားသော ငါးကိုအကောင်လိုက် တင်လိုက်ပါ
အရသာ အရွက်နှင့် အသီးများကို ငါးဗိုက်ထဲနှင့် အပေါ်အောက်တို့မှာ အဆင်ပြေသလို ပြင်ပေးပါ
အားလုံးပြီးပါက aluminum foil ကို လုံအောင် ထုတ်ပေးပါ
Oven ကို ငါးမထည့်ခင် မိနစ်နှစ်ဆယ်လောက် ကြိုပြီး 250 ဒီဂရီနဲ့ဖွင့်ထားပေးပါ
ပြီးတာနဲ့ မုန့်ဖုတ်သည့် ဗန်းတစ်ခုပေါ်မှာ ငါးထုတ်ကိုတင်ပြီး oven ထဲ ထည့်ပေးပါ
45 မိနစ်လောက် ထည့်ပေးပြီးရင် မီးဖိုထဲမှ ထုတ်ပေးပြီးပါက ငါးပေါင်းမွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

9 comments:

  1. ငါးသံပုရာပေါင်း လုပ်နည်းလေး မှတ်သားသွားတယ်မာမာရေ... ...
    မာမာပျောက်ပျောက်နေတယ်နော် :P

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်ရေ

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. ငါးပေါင်းလေးကစားချင်စရာ လုပ်နည်းလေးအတွက်လဲ မမာရေ....ကျေးဇူးပါနော်

    ReplyDelete
    Replies
    1. လာလညတဲ့အတွက် ကျေးဇူးပါနော်

      Delete
  3. စားချင်လိုက်တာ အစ်မရေ .. သွားရေကျသွားပါတယ် .. ^____^

    ReplyDelete
    Replies
    1. စားပါ ညီမလေးရေ
      အားမနာနဲ့နော်

      Delete
  4. which fish did you use ?

    ReplyDelete
  5. Ma Yay,
    How do you call this fish in English? Thanks

    ReplyDelete