![]() |
ပါဝင်ပစ္စည်းများ
- အရိုးဖယ်ကာ ခပ်နုတ်နုတ် စင်းထားသော ကြက်ပေါင်သား - 200 g
- ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - အနေတော်သုံးလုံး
- အစေ့ထွင်ထားသော ပြောင်းဖူး - နှစ်ဖူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- တန်ပူရာမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံးခွဲလောက်
ကြော်ရန်ပြင်ပါမယ်
- ပါဝင်သော ပစ္စည်းများကို ဇလုံကျယ်ကျယ် တစ်လုံးထဲမှာထဲ့ပြီး စေးပိုင်လာတဲ့ထိ နယ်ပေးပါ
- ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ
- ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားများကို အနေတော် ဆုတ်လုံးပြီး ရွှေဝါရောင်သန်းလာတဲ့ထိကြော်ပေးပါ
- နှစ်ဖက်လုံး ကျက်သွားပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ ကြက်သားပြောင်းဖူးကြော်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။