Friday 29 March 2013

ဘဲပေါင်းကြာဇံ ဆီချက်






ဘဲသားကို တပွဲတစ်တုံးစာ အနေနဲ့ ရွယ်တူလေးတွေ ရအောင်ခုတ်ပြီး အရသာနယ္ကာ နာရီဝက်လောက်နှပ်ပြီးမှ ပေါင်းထားကာ ပေါင်းတဲ့နေရာမှာလဲ ဘဲသားအနံ့ကို ပျောက်စေတဲ့ ချင်ကိုခပ်းများများထည့်ကာ ပေါင်းထားပါတယ်။

ဘဲသားမပေါင်းခင် ဆန်ကြာဇံကို ရေအေးနဲ့ အရင်ဆုံး စိမ်ပေးထားပါတယ်  ဘဲသားပေါင်းနေတုံးမှာ ကြက်သွန်ဖြူ အခွံခွာပြီး အနေတော်လေးများ လှီးပေးကာ ဆီခ်က္ကို အရင်ဆုံးချက်ထားပါ ကြက်သွန်ဖြူများ အရောင်ဝါလာပါက ဆယ်ပြီးဆီစစ်ပေးထားပါတယ်။

ထိုဆီပူထဲမွာဘဲ မီးကိုပိတ်ပေးပြီး နှမ်းကိုထဲည့်ကြော်ပါတယ် နှမ်းထည့်ပြီးတာနဲ့ နှမ်းများအရမ်းကျက်မသွားစေရန် ဆီအိုးကို မီးဖိုပေါ်မှ ချပေးရပါတယ် နှမ်းစေ့လေးများ နဲနဲအဝါရောင်သန်းပြီး မွှေးလာရင်ရပါပြီ။

ဘဲသားပေါင်းတဲ့ နေရာမှာလဲ မာမာက ပေါင်းအိုးကို မသုံးဘဲ ရိုးရိုးအဝကျယ်အိုးထဲမှာ ရေခံပြီး ဘဲသားနှင့်ချင်းကို ကြွေပန်းကန်ထဲထည့်ကာ ပေါင်းပေးပါတယ် ပေါင်းချိန်နဲနဲကြာပေမဲ့ စားရတာ အရသာ ပိုကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ ဘဲပေါင်းဆီချက်နည်းလေး မျှေ၀လိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ (၇ပှဲစာအတှကျ)
  1. ရေနှစ်နာရီလောက် စိမ်ထားသော ဆန်ကြာဇံ - 300 g
  2. အနေတော် တုံးထားသော ဘဲသား - ၇တုံး
  3. ပါးပါးလှီးထားသော ချင်း - နှစ်လက်မ
  4. အခွံခွာပြီး အနေတော်လှီးကာ ဆီချက်ချက်ရန် ပြင်ထားသော ကြက်သွန်ဖြူ - ဆယ်မွှာ
  5. ဆီ - လိုသလောက် သုံးပေးပါ
  6. နှမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငံပြာရည်အကြည် - လိုသလောက် သုံးပေးပါ
  8. အရသာမှုန့် - လိုသလောက် သုံပေးးပါ
  9. လှီးထားသော ကြက်သွန်မိတ် - မိမိနှစ်သက်သလောက် သုံးပေးပါ
  10. ခပ်ပါးပါးလှီးပြီး အချဉ်တည်ရန် ကြက်သွန်နီ - အနေတော်တစ်လုံး
  11. ငရုတ္ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ဘဲသားအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာတို့နှင့် ရောနယ်ပြီး နာရီဝက်လောက် နှပ်ထားပါ
ငရုတ္သီး အချဉ်တည်ရန်
  • အနေတော်လှီးထားသော ငရုတ်သီးစိမ်း အတောင့်ကြီးကြီး - သုံးတောင့်
  • ဗီနီကာ - ထမင်းစားဇွန်း သုံးဇွန်း( ဆီခ်က္ပြဲ မပြင်ခင် နှစ်နာရီလောက်ကြိုပြီး ငရုတ္သီးကိုလွီကား ကာဗီနီကာနှင့် စိမ်ပေးထားပါ)
ပြင်ဆင်ပုံ
  • ကြွေပန်းကန် တစ်လုံးထဲမှာ ဘဲသားအရသာနယ်များနှင့် ချင်းမျာကို းထည့်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်ပြီး အိုးအဝကျယ်သော အိုးတစ်လုံးထဲမှာ ရေသုံးပုံတစ်ပုံလောက် ထည့်ပေးပါ
  • ဘဲသားပန်းကန်ကို အိုးထဲထည့်ပေးပြီး အိုးအဖုံးကို ပိတ်ပေးပြီး မီးဖိုပေါ်မှာ တင်ပေးပြီး ပါင်းပေးပါပါ
  • ရိုးရိုးအိုးနဲ့ ပေါင်းတဲ့အတွက် တစ်နာရီလောက် ပေါင်းပေးပြီးရင် ရပါပွီေ
  • ဘဲသားပါင်းနေစဉ် အိုးထဲမွာ ရေနည်းလာပါက ရေထပ်ဖြည့်ပြီး ပေါင်းပေးပါ 
  • ဘဲသား ပေါင်းနေစဉ် ဘဲပေါင်းပန်းကန်ထဲတွင် အရည်များ ထွက်လာပါလိမ့်မယ် 
  • ထိုအရည်များနှင့် ဘဲသားကို နူးစေပြီး အချိုရည်များ ဖြစ်တဲ့အတွက် ဆီချက်ပွဲပြင်ရာတွင်နှင့် ဟင်းချိုရည်အဖြစ် ပြန်သုံးလို့ရပါတယ်။
ဆီခ်က္ပြဲ ပြင်ရန်
  • ရေနွေးပွက်ပွက် ဆူနေသော အိုးထဲတွင်အပေါက် ခပ်စိတ်စိတ်ပါသော ဇကာထဲသို့ ရေစိမ်ထားသော ကြာဇံကို တစ်ပွဲစာထဲ့ပြီး မိနစ်ဝက် မရှိတစ်ရှိ ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေစစ်ပြီး ပန်းကန်တစ်ခုထဲတွင် ထည့်ပေးကာ ဘဲပေါင်း အသားတုံး ဘဲပေါင်းရည် နှမ်းဆီချက် ကြက်သွန်ဖြူကြော် ကြက်သွန်မိတ် အရသာမှုန့်နှင့်ငံပြာရည် အကြည် တို့ကိုထည့်ပြီး ပြင်ပေးပါ
  • အရသာ သမအောင် နယ်ပေးပြီး မိမိနှစ်သက်သလို သုံးဆောင်နိူင်ရန် ပြင်ပေးနိူင်ပါပြီ။

4 comments:

  1. ရွယ္ပါဘဲ အစ္မေရ..
    စိတ်ရှည်ပြီး အချိန်ပေးနိုင်တဲ့ အစ်မကို ချီးကျူးပါတယ်....
    တစ်နေ့ တစ်နေ့ အစ်မချက်တာတွေဘဲ ကြည့်ပြီး တံတွေးမျိုချနေရတယ်.... ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ
      မမာ တစ်ကယ်ကျွေးချင်နေမိပါတယ်

      Delete
  2. ဘဲပေါင်းကြာဇံဆီချက်လေး စားချင်လိုက်တာ
    လုပ်စားဦးမယ် မမမာရေး)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျွေးချင်ပါတယ် မိုးစက်ဝိုင်ရေ..

      Delete