Tuesday 26 March 2013

ဘဲသား ဆီကျန်ရေကျန်

ဘဲသားဆီကျန်ရေကျန်

ဘဲသားဟင်းချက်ရန် ဘဲသားကိုအရသာများ
နယ်ပေးပြီးနှပ်ထားပေးပါတယ်

အိုးတစ်လုံးထဲမှာအားလုံးကိုရောနယ်ပြီးဆီထဲ့ပြီးရေ
လက်တစ်လုံးလောက်ထဲ့ကာ အရင်ဆုံး
လုံးမိအောင် တည်ပေးပါတယ်
ဟင်းလုံးမိသွားပြီဆိုမှ ရေမြုပ်အောင်ထဲ့ပြီး 
နူးတဲ့ထိတည်ပေးပါတယ် ဘဲသားနူးပါက
ဟင်းအနှစ်နှင့် ဆီကျန်ရေကျန် အနေတော်
လေးမှာ မဆလာအုပ်ပေးကာ မီးပိတ်ပေးပါ

မဆလာနံ့သင်းပျံ့တဲ့ ဘဲသားဟင်း
ဆီကျန်ရေကျန်ဟင်း ရပါပြီ။


မာမာ ဒီနေ့ ဘဲသားဟင်းလေးချက်ပါတယ် စားခဲတဲ့ အသားတွေထဲမှာပါပေမဲ့ တစ်ခါတစ်ရံ စားချင်တာမို့ ချက်လိုက်တာပါ ချက်နည်းလေးကရိုးရှင်းပါတယ် အခြားအသားတွေချက်သလိုဘဲ လုံးချက်လေးဘဲချက် လိုက်တာပါ။

တစ်ချို့က ဘဲသားချက်ရင် ကြာတတ်လို့ မချက်ချင်ကြပါဘူး အဲလိုမကြာအောင် ရှာလကာရည်လေးထဲ့ပြီး အရင်ဆုံး ဆယ်မိနစ်လောက် နှပ်ထားပြီးမှ ချက်ရင်ခနလေးနဲ့ နူးလွယ်ပါတယ်  နောက်ပြီးဘဲသားချက်ရင် ဆီအများကြီး ထဲ့စရာမလိုပါဘူး ဘဲသားက ဆီတွေပါနေပြီးသားမို့ ဟင်းလုံးတဲ့အခါမှာ အိုးမကပ်အောင် ဆီနဲနဲ ဘဲထဲ့ဖို့လိုပါတယ်။

ဘဲသားချက်ရင် မညှီရအောင် ချင်းများများလေး ထဲ့ဖို့တော့လိုပါတယ် မဆလာ ကြိုက်တတ်ရင်လဲ မဆလာလေးအုပ်ပြီး ချက်တာအကောင်းဆုံးပါဘဲ ဘာဖြစ်လို့လဲဆိုရင် ဘဲသားရဲ့အရသာကို လူတိုင်းက မကြိုက်တဲ့အတွက် အနံ့လုံအောင် အမွှေးနံ့သာတွေတော့ ထဲ့ဖို့လိုပါတယ် မာမာတော့ ဒီနေ့မဆလာလေးအုပ်ပြီးချက်သလို ဟင်းအနှစ်ရအောင် ကြက်သွန်တွေ ချင်းတွေကို ငရုတ်ဆုံထဲ ထဲ့မထောင်းဘဲ ခပ်သေးသေးလေးတွေလှီးပြီး ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘဲ - တခြမ်း (လေးဆယ်သားခန့်)
  2. အခွံခွာပြီး ခပ်သေးသေး လှီးထားသော ကြက်သွန်နီကြီးကြီး - တလုံး
  3. အခွံခွာပြီး ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  4. အခွံခွာပြီး ခပ်သေးသေး လှီးထားသော ချင်း - လက်တဆစ်သာသာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  6. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ဘဲသားအရသာနယ်ရန်

  1. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  2. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  4. ရှာလကာရည် - ထမင်းစားဇွန်း တဇွန်းခွဲ

6 comments:

  1. ဘဲသားကို မဆလာနဲ့ မချက်ဖူးသေးဘူး မာမာရေ.. စမ်းချက်ကြည့်မယ်။
    ချက်နည်းလေးကတော့ ပုံမှန်လိုပဲနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်
      ပုံမှန်ချက်နည်းလေးပါဘဲ..ဘဲသားနံ့ပျောက်အောင်မဆလာလေးအုပ်ပြီးချက်လိုက်တာပါ ^_^

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. အခုတစ်လော နေမကောင်းဖြစ်လို့ ပါးစပ်ပျက်နေတာ...
    အစ်မချက်တဲ့ ဟင်းလေးတွေ စားချင်လိုက်တာ.... ^_^

    ReplyDelete
    Replies
    1. အစ်မလဲ နေပြန်ကောင်းခါစ စားချင်တာလေးတွေရှာကြံပြီးချက်နေမိတယ် ညီမလေးရေ.
      နေကောင်းအောင်နေပါနော် ..အစ်မတစ်ကယ်ဘဲ ကျွေးချင်နေမိပါတ. ညီမလေးရေ..

      Delete
  3. ကျေးဇူးပါ
    သခိုးကြီးနေ့မှာသူငယ်ချင်းတွေကစားချင် တ်ဆိုလို့

    ReplyDelete
    Replies
    1. အိုကေ ချက်ကြည့်နော်

      Delete