Thursday 28 March 2013

မုံလာပင်ပေါက် ချဉ်ရည်ဟင်း


မာမာ့ခြံထွက် မုံလာပင်ပေါက်လေးတွေပါ မိုးလေသာတုံးလေး စိုက်ထားတာမို့ အခုတော့ ဟင်းရည်တစ်ခွက် ရအောင်နူတ်ပြီး ချက်လိုက်ပါပြီ ချဉ်ရည်ဟင်းတို့ရဲ့သဘာဝ ငရုတ်သီးအရောင်ပေါ့ပေါ့ ဆီနဲနဲလေးနဲ့ဘဲ ချက်ထားတာမို့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေဆေးပြီးအနေတော် လှီးဖြတ်ထားသော မုံလာပင်ပေါက် - အနေတော်ဇကာ တစ်လုံး
  2. အခွံချွတ်ပြီးကြောမှခွဲကာ အမဲကြောင်းလေးထုတ်ထားသော ပုဇွန်ထုတ် - ဆယ်ကောင်
  3. မကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  4. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ချင်း - လက်တဆစ်ဧ။်တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်းတစ်လုံးခွဲ
  13. ငရုတ်သီးစိမ်း - သုံးတောင့်
  14. ရှမ်းနံနံ - ဆယ်ရွက်

ပုဇွန်အရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်


 ခြံထဲက မုံလာပင်ပေါက်များ


ရေစင်အောင်ဆေးထားသော မုံလာပင်ပေါက် 
မကျည်းသီးအနှစ် ပုဇွန်အရသာနယ်နှင့် 
ငရုတ်သီးထောင်း


အားလုံးကို အိုးတလုံးထဲထည့်ပြီး ဆီအနည်းငယ် 
ထဲ့ကာရော၍နယ်ပေးပါပြီးလျှင်ရေ အနည်းငယ်ထဲ့ပြီး 
လုံးချက်လေးချက်ပေးပါ အရွက်နှင့်အသားများ 
လုံးမိသွားပါက ရေလိုသလောက်ထဲ့ပြီး ဆူအောင်တည်ပေးပါ


ရေပွက်ပွက်ဆူလာပါက မကျည်းသီးအနှစ်ရည်ထဲ့ပြီး 
အပေါ့အငံအချဉ်အရသာများကို မြည်းကာငရုတ်သီးစိမ်းကို
ထဲ့ပေးပြီး တစ်မိနစ်ခွဲလောက် ဆူအောင်တည်ပေးပါ


ရေ ပွက်ပွက်ဆူလာပါက ရှမ်းနံနံရွက်အုပ်ပေးကာ နှစ်မိနစ်
လောက်ဆူအောင်ဆက်တည်ပေးပါ


မုံလာပင်ပေါက်ချဉ်ရည်ဟင်း ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးရပါပြီ

8 comments:

  1. မုန်လာပင်ပေါက် ချဉ်ရေဟင်းလေးလဲ သွားရေကျသွားပါတယ်..
    နေကောင်းခါစ အစ်မချက်တဲ့ ဟင်းတွေအားလုံးကို ကြည့်ပြီး
    ဂလု ဂလု ဖြစ်နေတယ် အစ်မရေ.. ^_^

    ReplyDelete
    Replies
    1. တစ်ကယ်ဘဲ ကျွေးချင်တဲ့စိတ်တွေဖြစ်နေမိတာပါ ညီမလေးရေ..

      Delete
  2. အကြိုက်ဆုံး ချဉ်ရည်ဟင်းထဲမှာပါတယ် မမာရေ :D ပုစွန်နဲ့ဆိုတော့ အကောင်းထက်လွန်ပေါ့နော်

    ReplyDelete
    Replies
    1. မမာလဲ မုံလာရွက်ချဉ်ရည်ဟင်းအရမ်းကြိုက်တယ်..စားပါနော် စူးနွယ်လေးရေ

      Delete
  3. ရှယ်ပဲ မမမာရေ ပုဇွန်ခေါင်းကြော်လေးနဲ့ မုန်လာပင်ပေါက် ချဉ်ရည်ဟင်းလေးဆို
    စားကောင်းလိုက်မယ့် ဖြစ်ခြင်း..
    ပြောရင်းနဲ့တောင် သားရည်ကျလာပြီ..း))
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားပါနော် မိုးသောက်ဖြူရေ
      မမာတော့ထမင်းထပ်ပြီးချက်လိုက်ရသေးတယ် ^_^

      Delete
  4. မမာရေ..
    ခြံထွက်လေးတွေဘယ်တော့တင်မလဲလို့ အမြဲလာလာကြည့်တယ်နော်။
    မပါရင်အရင်ကတင်ထားတဲ့ခြံထွက်လေးတွေကြည့်ပြီးမှပြန်တယ်။
    စိုက်ထားတာလေးတွေတင်အုန်းနော်။း)
    အို်င်အိုရာလည်းချဉ်ရည်ဟင်းဆိုဆီများရင်မကြိုက်ဘူး။ မမာချက်သလိုဘဲကြိုက်တယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ကျေးဇူးပါ အိုင်အိုရာရေ
      မမာခြံထဲဆင်းဖြစ်တဲ့ရိုက်ပြီးတင်ပေးမယ်နော်
      အခုကရာသီဥတုက မတည်ညိမ်တော့ ခြံထဲသိပ်မဆင်းဖြစ်လို့ပါ
      ညီမလေးအတွက် ရှယ်လေးတင်ပေးမယ်နော်..^_^

      Delete