Monday 24 December 2012

ကြက်ဥထမင်းကြော်

ထမင်းကြော်
မင်္ဂလာမနက်ခင်း အချိန်ခါလေးပါ ဒီနေ့တော့ မာမာကြက်ဥထမင်းလေး ကြော်ထားပါတယ် ထမင်းကြော်နှစ်သက်သူတွေအတွက်ပါ ထမင်းကြော်ဆို မာမာအရမ်းနှစ်သက်တဲ့အတွက် မကြာမကြာ ကြော်စားဖြစ်ခဲ့ပါတယ် ဘယ်လိုပုံစံနဲ့ဘဲကြော်ကြော် ဘယ်နေရာရောက်ရောက် ထမင်းကြော်ကို အရင်ဆုံးစားတတ်ပါတယ်။

 ဒီနေ့လဲ စိတ်ထဲကစားချင်လာတာနဲ့ ချက်ချင်းကြော်လိုက်ပေမဲ့ စားလို့လဲ အရမ်းကောင်းခဲ့ပါတယ် ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းတဲ့ မာမာကတော့ ဟင်းမပါဘဲနဲ့ကို အရမ်းမိန်လွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ။
လေးယောက်စာအတွက်ပါ
ထမင်းအရသာနယ်ရန်
  • ထမင်း - ဟင်းပြင်ပန်းကန် နှစ်လုံးစာ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
ကြော်ရန်အတွက်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်
  • ပါးပါးလှီးထားသော ကြက်သွန်နီတလုံးကို ကြော်ပြီးဆယ်ထားပါ
  • အနေတော် လှီးထားသော မုံလာဥနီတဥကို ကြော်ပြီးဆယ်ထားပါ
  • ပဲစိမ်းသီး လက်ဖက်ရည်ပန်းကန် တလုံးစာကိုကြော်ပြီး ဆယ်ထားပါ
  • ကြက်ဥနှစ်လုံးကို ခလောက်ပြီး ကြော်ပြီးဆယ်ထားပါ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့်ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်းလေးပုံတပုံထဲ့ပေးပါ
  • အားလုံးကြော်၍ ပိုသောဆီနှင့် ထမင်းကိုကြော်ပါမယ်

ထမင်းကြော် ကြော်ရန်

အရသာနယ်ထားသောထမင်းကိုဆားနှင့်ဟင်းချိုမှုန့်ထဲ့ပြီး
နှစ်မိနစ်လောက်ကြော်ပြီးမှ ကြက်ဥကြော် ကြက်သွန်နီကြော် မုံလာဥနီကြော်
ပဲစိမ်းသီးကြော်တို့ကို ထဲ့ပြီး ၂မိနစ်လောက်ကြော်ပေးပါ

အားလုံးအထက်အောက် သမအောင်မွှေပြီးမီးပိတ်နိုင်ပါပြီ

ကြက်ဥထမင်းကြော် မွှေးမွှေးလေးရပါပြီ

4 comments:

  1. ပုံလေး ကြည့်လိုက်တာနဲ့ကို စားကောင်းမယ် ဆိုတာ သိပါတယ် အစ်မရေ..
    ထမင်းကြော်ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အစားအစာ တစ်ခုပါဘဲ.. ^_^

    ReplyDelete
  2. ဟုတ်ပါ့ ညီမလေးရေ..ဘယ်အချိန်ဘဲဖြစ်ဖြစ် စားရတာဝင်တယ်နော်

    ReplyDelete
  3. မမမာကြော်ထားတာ ကြည့်ပြီး စားချင်လို့ အဲဒီအတိုင်း ကြော်စားတယ်
    စားကောင်းတယ် ကျေးဇူးပါ အမရေ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားကောင်းတယ်ပြောလို့ အရမ်းပျော်နေပါတယ် မိုးစက်ဝိုင်ရေ

      Delete