Sunday 2 December 2012

ချောကလက်ကိတ်


စားချင်စရာ အရမ်းကောင်းတဲ့ ချောကလက်ကိတ်လေးပါ ဟင်းချက် မုန့်လုပ်ရတာ ဝါသနာပါတဲ့ သမီးလေးရဲ့ လက်ရာလေးပါ ကျောင်းစာတွေ တစ်ဖက်နဲ့မအားတဲ့ကြားထဲက အိမ်မှာစားရအောင် ဖုတ်လိုက်တဲ့ ကိတ်လေးမို့ ပိုပြီးအရသာရှိနေပါတယ်။

ချောကလက်ကိတ်လေးပြင်ကြမယ်နော်
  • 3/4 cup pain flour
  • 1/4 cup cocoa
  • 1/2 cup caster sugar
  • 2 teaspoons baking powder
  • 1/2 teaspoon vanilla essene (ပထမအဆင့်အားလုံးကိုရောမွေပါ)
နောက်ဆုံးမှကျန်သောပစ္စည်းအားလုံးကိုနဲနဲချင်းထဲ့ပြီးရောမွှေပေးပါ
  • 80g butter
  • 2 eggs
  • 1/2 cup milk
ပထမအဆင့်မွှေထားသောအမှုန့်နှင့်နဲနဲချင်းထဲ့မွှေရန် နို့ ထောပတ်နှင့် ကြက်ဥ
ချောကလက်မှုန့်နှင့်ရောထားသောဂျုံမှုန့်ထဲသို့ကြက်ဥကိုထဲ့ကာထောပတ်နှင့်နို့ကိုနဲနဲချင်းထဲ့ကာမွှေပေးပါ
မီးအား၁၆၀ဒဂရီနှင့်မုန့်စတင်ပြင်ချိန်ထဲကမီးဖွင့်ပြီးအပူပေးထားသောOven ထဲတွင် ၁၅မိနစ်မှ၁၈မိနစ်ထိထဲ့ပြီးဖုတ်ပေးပါ ကျက်မကျက်ကိုစူးချွန်လေးနှင့်ထိုးကြည့်ပါ မုန့်နှစ်များကပ်မပါလာလျှင်ကျက်ပါပြီ
စားချင့်စဖွယ်ချောကလက်ကိတ်လေးများရပါပြီ
ခရင်လုပ်ရန်အတွက်ထောပတ်နှင့်ဂျုံမှုန့်ကိုပျော်လာတဲ့ထိမွေပေးပါ
ပျော်လာပါကခရင်ပုံဖော်သောပလပ်စတစ်အိတ်ထဲသို့ထဲ့ကာကိတ်မုန့်ပေါ်သို့လောင်းရန်ပြင်ပေးပါ
မိမိနှစ်သက်သလိုပုံလေးများဖော်ပေးပါတယ်
စားချင်စဖွယ်ချောကလက်ကိတ်လေးများပါ
မွှေးပျံ့နူးညံ့နေတဲ့ချောကလက်ကိတ်လေးပါ

12 comments:

  1. စားချင်စရာလေး တီမာရေ

    ReplyDelete
    Replies
    1. ကျေးဇူးပါဘဲသမီး
      မီးမီးလေးဖုတ်တာ သမီးရေ
      အရသာကတော့အရမ်းဘဲကောင်းတယ်..

      Delete
  2. အစားအသောက် အမျိုးမျိုးလုပ်တတ်ကြတဲ့သူများ တော်လိုက်ကြတာ။
    ချောကလက်ကိတ်လေး အားပေးသွားတယ် မာမာရေ။ နည်းလေးလည်းယူသွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. မာမာ့သမီးလေးဖုတ်တာပါတီတင့်
      မာမာ အဲလောက်မကျွမ်းဘူး (ဟိ..ဟိ)
      ကျေးဇူးပါဘဲနော်

      လေးစားခင်မင်စွာဖြင့်
      မာမာ

      Delete
  3. အစ်မသမီးလေးက အရမ်းတော်တာဘဲ..
    မုန့်ကလေးတွေက လှလိုက်တာ.. စားလို့လဲ ကောင်းမဲ့ပုံလေး..
    အားကျပါတယ် အစ်မရေ..

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမလေးရေ
      မုန့်လေးကစားလို့အရမ်းအရသာရှိတယ် ညီမလေးရေ..

      Delete
  4. ချစ်စရာလေးတွေ တီတီမာရေ...စားချင်တယ်

    ReplyDelete
    Replies
    1. စားနော် အပြင်မှာလဲတစ်ကယ်ဘဲကျွေးချင်ပါတယ်..

      Delete
  5. ကူလ်ဖီးလေး လုပ်စားချင်တယ် အန်တီသိရင် ပြောပြပါလား

    ReplyDelete
    Replies
    1. အန်တီ လုပ်စားဖြစ်ရင် ပြောမယ်နော်

      Delete