ဒီနေ့တော့ ဝက်ဂုတ်သားဟင်း ချက်ပါတယ် ဝက်ဂုတ်သားက စားရတာ မာဆတ်ဆတ်လေးနဲ့ အဆီနည်းတဲ့အတွက် စားရတာ ပိုပြီးကောင်းပါတယ်။
ထမင်းစားလို့ မြိန်စေမဲ့ ဟင်းတစ်မယ် ဖြစ်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်ဂုတ်သား - 500 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ဝက်ဂုတ်သားကို အတုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ခပ်သေးသေး အတုံးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်နံ့လေး သင်းလာတာနဲ့ ဝက်ဂုတ်သားကို ထည့်ကြော်ပေးပါ
- ဝက်သားတုံးလေးတွေ အနည်းငယ် မာလာနဲ့ ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် နှမ်းဆီ ခရုဆီ ဆား အရသာမှုန့် နှင့် ရေမြုပ်အောင် ထည့်ပေးပြီး ချက်ပေးပါ
- ဝက်သားအိုးထဲမှာ ရေခမ်းလာတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ မီးပိတ်ပေးပါ
- ပြီးတာနဲ့ ဝက်ဂုတ်သား ခရုဆီ အချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေးနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment