ဒီနေ့တော့ ဆီးချိုဝေဒနာရှင်တို့ သောက်လို့ရမဲ့ ဟင်းချိုတစ်မယ် ချက်ပါတယ် ပါဝင်ပစ္စည်းလေးတွေကိုလဲ ရှာပြီးဝယ်လို့ ရမယ်ထင်တဲ့အတွက် ကယ်လိီုရီအတွက် ပါဝင်ပစ္စည်းလေးတွေကို တွက်ချက်ပြီး ချက်ထားတဲ့ ဟင်းချိုချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ရေသန့် - ငါးလီတာခွဲခန့်
- ရေညှိပြား - ခြောက်လက်မခန့်
- White Miso - 1/4 cup
- Sake - 1/2 cup (ဂျပန်အရက်)
- Dired wakme seaweed - 1/3 cup
- Silken Tofu - အတုံးကြီးကြီး တစ်တုံး
- ကြက်သွန်မိတ် - နှစ်ပင်
- ချင်းတက် - လက်တစ်ဆစ်ခန့်
- ပင်အပ်မှို - အနည်းငယ်
ပြင်ဆင်ပုံ
- Dired wakme seaweek ကို ရေမြုပ်အောင်ထည့်ပြီး စိမ်ထားပါ
- ရေစိမ်ထားတာ နူးလာတာနဲ့ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
- တို့ဟူးကို မိမိစိတ်ကြိုက် အနေတော်လေးတွေ တုံးပေးထားပါ
- ကြက်သွန်မိတ်ကို ရေစင်အောင်ဆေးပြီး အနေတေ ာ်လေးတွေ လှီးပေးထားပါ
- အပ်မှိုကို မလိုတာတွေ ဖယ်ပေးပြီး ရေဆေးကာ အနေတော်လေးတွေ ဖဲ့ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ miso & sake ကိုထည့်ပြီး ဆယ့်ငါးမိနစ်ခန့် တည်ပေးပါ
- ပြီးတာနဲ့ ရေစိမ်ပြီး လှီးထားသော wakme နှင့် တို့ဟူးတို့ကို ထည့်ပြီး တစ်မိနစ်လောက်ဘဲ တည်ပေးပါ
- ဇလုံတစ်လုံးထဲမှာ ပင်အပ်မှို ချင်း ရေစိမ်ထားသော ရေညှိတို့ ထည့်ပေးပါ
- ပြီးတာနဲ့ အပေါ်မှ ဟင်းရည်ကို လောင်းထည့်ကာ ကြက်သွန်မိတ် ထည့်ပေးပြီး သောက်သုံးနိူင်ပါပြီ။
No comments:
Post a Comment