Friday 21 August 2020

ခရမ်းသီး မီးဖုတ်ကြော်



နေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေး စားလို့ရလေအောင် ခရမ်းခေါင်းသီးကို မီးဖုတ်ပြီး ငရုတ်ကောင်းလှော်ထောင်း မွှေးမွှေးလေးနဲ့ ကြော်ဖြစ်ပါတယ် ထမင်းစားလို့မြန်ပြီး ချက်ရတာ လွယ်တဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ခရမ်ခေါင်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ငရုတ်ကောင်းလှော်ထောင်းအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပဲဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်သွန်ဖြူ ကြော် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ခရမ်းသီးကို ရေဆေးပြီး ခရင်းဖြင့် ခပ်ကျဲကျဲ လိုက်ထိုးပေးပြီး ပန်းကန်ပြားပေါ်မှာ တင်ပေးပါ
  • ထိုပန်းကန်ကို မိုက်ခရိုေ၀့ မီးဖိုထဲမှာထည့်ပြီး အဖုံးခပ်ဟဟအုပ်ပေးကာ တစ္ဖက္စ််ကို လေးမိခန့် ဖုတ်ပေးပါ
  • လေးမိနစ် ပြည့်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး လေးမိနစ် ထပ်ဖုတ်ပေးပါ
  • ခရမ်းသီး အလုံးကြီးပါက မီးဖုတ်ချိန်ကို ပိုပြီးဖုတ်ပေးပါ
  • မီးဖုတ်ထားသော ခရမ်းသီးကို အပြင်ထုတ်ပေးပြီး အခွံခွာပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားသော ခရမ်းသီးမှ ထွက်သော အေစးမ်ား ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အကြော်ထဲမှာ ပါဝင်မည့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းသွားတာနဲ့ ခရမ်းသီးကို ထည့်မွှေပေးပါ
  • ခရမ်းသီး ထည့်ပေးပြီးတာနဲ့ ဆား အချိုမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ မျှတအောင် မွှေပေးပြီးတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ခရမ်းသီး မီးဖုတ်ကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီးတာနဲ့ ကြက်သွန်ဖြူကြော်ကို ဖြူ းပေးပါ
  • ပဲဆီနံ့ သင်းပျံ့နေတဲ့ ခရမ်းသီး မီးဖုတ်ကြော် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိူင်သလို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
  • မီးသွေးမီးဖိုနှင့် ခရမ်းသီးကို မီးဖုတ်ပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • မီးဖုတ်လို့ ကျက်တာနဲ့ အထက်ပါ နည်းအတိုင်း ပြင်ဆင်ပေးပါ။

No comments:

Post a Comment