Wednesday 19 August 2020

ကြက်သားကြော် မွမွလေး







ဒီနေ့တော့ ထမင်းပူပူလေးနဲ့ဘဲ စားစား ရေနွေးကြမ်းလေးနဲ့ဘဲ သောက်သောက် အချိုရည်လေးနဲ့ဘဲ မြည်းမြည်း အရမ်းကို အရသာ ရှိလွန်းတဲ့ ကြက်ကြော်လေး ကြော်ဖြစ်ခဲ့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 350 g
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်ဖြူ မှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ပြောင်းဖကာ်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ္ဖြဖြ သုတ်ပေးပါ
  • ကြက်သားကို မထူမပါး စောင်းစောင်းလေးတွေ လှီးပေးပါ
  • ပြီးတာနဲ့ ပြောင်းကော်မှုန့် ဆား အရသာမှုန့် ကြက်သွန်ဖြူမှုန့်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ကြက်ဥကို ဖောက်ထည့်ပြီး အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
  • အရသာ နှပ်ပြီးသွားပါက အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားတုံး တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment