Thursday 27 August 2020

ချဉ်ငံစပ် အမဲအကြောသုပ်





အမဲအကြောလေးတွေ ဝယ်လာပြီး မနေ့က ပြုပ်ထားကာ သုပ်စားဖြစ်ပါတယ် အမဲအကြော ပေါင်းနည်းလေးကိုတော့  http://mmlazp.blogspot.com/2020/08/blog-post_26.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ်။

ဒီနေ့တော့ ချဉ်ငံစပ် သုပ်ဖို့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အမဲအကြောသုပ်နည်း ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အမဲအကြော ပေါင်းပြီးသား - ကီလိုဝက်ခန့်
  2. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ
  3. ပဲအကျက်မှုန့် - လိုသလောက် ပြင်ထားပါ
  4. ငရုတ်သီး အကျက်မှုန့် - လိုသလောက် ပြင်ထားပါ
  5. ကြက်သားမှုန့် - လိုသလောက် ပြင်ထားပါ
  6. ဆီချက် - လိုသလောက် ပြင်ထားပါ
  7. ဂေါ်ဖီ - မိမိနှစ်သက်သလောက် ပြင်ထားပါ
  8. ကြက်သွန်နီ - မိမိနှစ်သက်သလောက် ပြင်ထားပါ
  9. နံနံပင် - မိမိနှစ်သက်သလောက် ပြင်ထားပါ
  10. ငါးငံပြာရည် - လိုသလောက် ပြင်ထားပါ

ပြင်ဆင်ပုံ

  • အမဲအကြော ပေါင်းပြီးသားကို ကပ်ကြေးနှင့် ခပ်ပါးပါးလေးတွေ ညှပ်ပေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ကာ ကပ်ကြေးနှင့် မထူမပါးလေးတွေ ညှပ်ပေးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်လောက် ဆေးပေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
  • အသုပ်သုပ်ရန် လိုအပ်တာတွေကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ အမဲအကြော လက်တစ်ဆုတ်စာ ကြက်သွန်နီ အနေတော် ဂေါ်ဖီ အနေတော် နံနံပင်အနေတော် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း မန်ကျည်းမှည့်အရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အကျက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် ကြက်သွန်နီတို့ကို ထည့်ပေးကာ အရသာ သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာကို မြည်းပေးပါ
  • အရသာ မြည်းပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာပြင် ပြီးတာနဲ့ အမဲအကြောသုပ် ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို ထမင်းပူပူလေးနဲ့ဘဲ စားစား ဒီအတိုင်းလေးဘဲ စားစား စားသုံးနိူင်ပါပြီ။

No comments:

Post a Comment