Saturday 29 August 2020

ချဉ်ငံစပ် အပ်မှိုထောင်း






ဒီနေ့တော့ အပ်မှိုလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက္ဖက္စြာ စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အပ်မှို - 400 g
  2. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်
  3. ပဲတောင့်ရှည် - ဆယ်တောင့်
  4. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံး
  5. ဆလတ်ရွက် - နှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး လေးမွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ

  • အပ်မှိုမှ မလိုတာတွေ ဖယ်ထုတ်ပေးပြီး ရေဆေးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေဆေးပြီး ဖဲ့ထားသော အပ်မှိုများကို ထည့်ထားပါ
  • ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးကို အပ်မှိုဇလုံထဲ လောင်းထည့်ပြီး ငါးမိနစ်လောက် ထားပေးပါ
  • ပြီးတာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ပဲတောင့်ရှည် ငါးတောင့်ခန့်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကျန်ပဲတောင့်ရှည်များကို ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေ ပိုင်းထားပါ
  • ဆလတ်ရွက်ကို ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ

ထောင်းရန်ပြင်ဆင်ပုံ

  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ္ဖြဖြေလး ထောင်းပေးမှ အရသာ ၀င်ပါတယ်
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမှုန့် အပ်မှိုနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ္ဖြဖြေလး ၄ချက်လောက် ထောင်းပေးကာ ပဲသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပေးပြီး လေးငါးချက်လောက် ထည့်ထောင်းပြီး  မွှေပေးပါ
  • ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ အပ်မှို ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို ကောက်ညှင်းပေါင်း ပဲတောင့်ရှည် ဆလတ်ရွက်တို့နှင့် တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment