Thursday 28 March 2019

ကြက်သားစင်းကော ခရမ်းသီးနှပ်

















ခရမ်းသီးနှပ်​နည်း​တွေ အမျိုးမျိုး ရှိတဲ့အထဲက ဒီတခါ​တော့ နှမ်းဆီ​မွှေး​လေးနဲ့ နှပ်​တဲ့နည်း​လေး ​ရေး​ပေးထားပါတယ်​။
ပြင်​ဆင်​ပုံ​လေး​တွေကို ပုံ​အောက်​မှာ ​ရေး​ပေးထားပါတယ်​ တ​ယောက်​နဲ့တ​ယောက်​ အရသာ ကြိုက်​ပုံချင်း မတူညီနိုင်​တဲ့အတွက်​ မိမိနှစ်​သက်​သလို အရသာကို ပြင်​ဆင်​ပြီး​တော့လဲ ချက်​​ပေးနိုင်​ပါတယ်​။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီးအရှည်သီး - ၅တောင့်
  2. ကြက်ရင်ပုံသား - 
    200 g 
  3. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - ခပ်ကြီးကြီး ၅မွှာ
  5. ချင်းတက် - လက်တဆစ်ခန့်
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး သုံးဗူး (ခရမ်းသီးကြော်ရန်)
  10. ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ဗူးတစ်ဝက်သာသာ (ခရမ်းသီးနှပ်ရန်)

ပြင်ဆင်ပုံ
  1. ခရမ်းသီး အရှည်​သီး ၅​တောင့်​ကို ​ရေဆေးပြီး အညှာဖြတ်​​ပေးကာ ထက်​ဝက်​ပိုင်းပြီး ​လေးစိတ်​စိတ်​​ပေးပါ
  2. ​ရေထဲမှာ ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်းထည့်​ပြီး ​ဖျော်​ထားပါ
  3. လှီးထား​သော ခရမ်းသီးများကို ဆားရည်​ထဲမှာ နာရီဝက်​​လောက်​ စိမ်​ထားပါ ​ရေစိမ်​ထားစဉ်​ ခရမ်းသီးထဲ ဆားရည်​ဝင်​​အောင်​ အထက်​​အောက်​ လှန်​လှန်​​ပေးပါ။
  4. ကြက်​သွန်​ဖြူ ၄မွှာကို အခွံခွာပြီး ​ရေ​ဆေးကာ ဓားပြားရိုက်​၍ ခပ်​နုတ်​နုတ်​ လှီးထားပါ
  5. ကြက်​သွန်​နီ အ​နေတော်​ တဥကို အခွံခွာပြီး ​ရေ​ဆေးကာ ခပ်​နုတ်​နုတ်​ လှီးထားပါ
  6. ချင်းတက်​ လက်​တဆစ်​ခန့်​ကို အခွံခွာပြီး ခပ်​​သေး​သေး​လေး​တွေ လှီးထားပါ
  7. ဇလုံတလုံးထဲမှာ ခရုဆီ ထမင်းစားဇွန်းတစ်​ဇွန်း ပဲငံပြာရည်​ ထမင်းစားဇွန်းတစ်​ဇွန်း ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း နှမ်းဆီ​မွှေး လက်​ဖက်​ရည်​ဇွန်း တစ်​ဝက်​ ကြက်​သွန်​ဖြူ ကြက်​သွန်​နီ ချင်းတို့ကို ​ရော​မွှေထားပါ
  8. ကြက်​ရင်​ပုံသားကို ​ရေ​ဆေးပြီး ခပ်​နုတ်​နုတ်​ စင်းထားပါ
  9. ဆားရည်​စိမ်​ထား​သော ခရမ်းသီးကို ​ခပ်​ဖွဖွ ​ရေညှစ်​ပြီး ​ရေ​တွေ​ခြောက်​သွား​အောင်​ အဝတ်​စ သန့်​သန့်​​ပေါ်တင်​ပြီး ​ရေသုတ်​​ပေးပါ
  10. ခရမ်းသီးများ ​ရေ​ခြောက်​သွားပါက ဆီအိုးတည်​ပါ
  11. ဆီပူလာပါက ခရမ်းသီးများကို အီုးဆန့်​သ​လောက်​ ထည့်​​ပေးပြီး တစ်​ဖက်​ကို သုံးမိနစ်​ခန့်​ ​ကြော်​​ပေးပါ
  12. နောက်တဖက်ကို လှန်ပေးပြီး ၃မိနစ်ခန့် ကြော်ပေးပါ
  13. ​ကြော်​ပြီးတာနဲ့ ခရမ်းသီးများကိုဆယ်​ပြီး ဆီစစ်​ထားပါ
  14. ဆီစစ်​သွားပါက ​ကြော်​ထား​သောအိုးထဲမှ ဆီများကို ဖယ်​​ပေးပါ
  15. အိုးကိုအပူ​ပေးပြီး ဆီသန့်​ထပ်​ထည့်​ကာ အပူ​ပေးပါ
    ဆီပူလာတာနဲ့ အရသာစပ်​ထား​သော ကြကိသွန်​ဖြူနီ ကြက်​သွန်​နီ ချင်းအနှစ်​တို့ကို ထည့်​​ကြော်​ပါ
  16. တစ်​မိနစ်​ခန့်​ ​ကြော်​ပြီးတာနဲ့ စင်းထား​သော ကြက်​သားကို ထည့်​​ကြော်​ပါ
  17. စင်းထား​သော ကြက်​သားများကို ၅မိနစ်​ခန့်​ ​ကြော်​ပြီးတာနဲ့ ဆီစစ်​ထား​သော ခရမ်းသီးများကို ထည့်​​မွှေ​ပေးပါ
  18. ခရမ်းသီးနှင့်​ကြက်​သား သမသွားပါက အရသာမြည်းပြီး လိုသလို ပြင်​​ပေးပြီး မီးပိတ်​​ပေးပါ
  19. စားသုံးရန်​ အသင့်​ဖြစ်​​နေတဲ့ ကြက်​သားစင်းကော ခရမ်းသီးနှပ်​ ​မွှေး​မွှေး​လေးကို စားသုံးရန်​ ပြင်​​ပေးနိုင်​ပါပြီ။

No comments:

Post a Comment