Tuesday 21 July 2015

ကြက်အသည်း ဆီပြန်မွှေးမွှေးလေး



ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေးပါ အသည်းဟင်းချက်ရင် မချက်တတ်တဲ့အခါ အရမ်းညှီပါတယ် နကိုထဲက သံဓါတ်များတဲ့ အစာမို့ ချက်တဲ့အခါမှာ အနံ့မပြင်းစေဖို့ ဟင်းခတ် အမွှေးအကြိုင်လေးတွေ သတိထားပြီး ထည့်ပေးဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်း - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အသည်းကို ရေဆေးပြီး ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် စပါးလင်တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကို အနည်းငယ်ထုပြီးထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာမွှေပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းပါ
  • လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေး ရပါပြီ
ကြက်အသည်းဟင်းကို ငံပြာရည် မသုံးထားပါ ငံပြာရည်သုံးပါက သံဓါတ်အနံ့ကို ပိုပြီးပြင်းစေပါတယ်။

2 comments:

  1. တဘရိတ်ထဲ လက်ကျန်ပို့စ်လေးတွေ အားပေးသွားတယ် မာမာရေ... ကြက်အသည်းဟင်းအတွက် ငံပြာရည်မသုံးဘို့ နည်းပညာတခုရရှိသွားတယ် ကျေးဇူးနော် ...
    တုံယမ်းဟင်းချိုကို တီတင့်စလုံးရောက်တိုင်း မကြာခဏစားဖြစ်တယ် သားငယ်ရဲ့ဖေးဖရိတ်လေ...

    ReplyDelete
  2. ဟုတ်ကဲ့ပါ တီတင့်ရေ
    ကျေးဇူးတင်ပါတယ်နော်

    ReplyDelete