Wednesday 1 July 2015

ဝက်သား ဝမ်တုန်ကြော်



ဝမ်တုန် အရွက်ထုတ်

ကြက်သား minced

ကြက်သား အရသာမှုန့် ပြောင်းကော်မှုန့် 
ငရုတ်ကောင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ 
ဆား နှမ်းဆီတို့ကို နယ်ပေးပါ

ဝမ်တုန်ရွက်ပေါ်ကို အစာတင်ပြီး အနားများကို
 ရေစွတ်ပေးပါ

ထောင့်ချွန်းခေါက်ပေးပါ

ထောင့်ချွန်းခေါက်ပြီးသားကို အနားများတွန့်ပေးပါ

အားလုံးပြီးလျှင် တခုနှင့်တခု မကပ်စေရန် 
ခပ်ခွာခွာထားပြီး ဆီပူမှာ ထည့်ကြော်ပေးပါ

ဒီနေ့တော့ ကြက်သားနဲ့ဝမ်တုန်လေး လုပ်ပြီး ကြော်စားဖြစ်ပါတယ် လုပ်ရတာလဲလွယ် ကြော်ပြီး စားရတာလဲ လွယ်လို့ အားလပ်ရက်လေးမှာ မိသားစုတွေ ပျော်ပျော်ပါးပါး လုပ်စားစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. နှမ်းဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ၀မ်တုန်အရွက် - ၁၆ခု
  10. ကြော်ရန်ဆီ - လိုသလောက်(ဆီများများနှင့်ကြော်ပေးပါက ပိုကောင်းပါတယ် )

ပြင်ဆင်ပုံ
  • ကြက်သားကို နုတ်နုတ်စဉ်းထားပါ (မာမာကတော့ ကြက်သား mincedကို သုံးထားပါတယ် )
  • ကြက်သွန်နီကို ခပ်နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သားနှင့်အတူ ကြက်သွန်နီ ကြက်သွန်ဖြူ ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့်ပြောင်းကော်မှုန့် နှမ်းဆီတို့ကို ရောပြီးနယ်ပေးပါ
  • အစာများ မစပ်ခင် မိနစ် ၂၀လောက်ကြိုပြီး ၀မ်တုန်အရွက်ထုတ်ကို ရေခဲသေတ္တာထဲမှ ထုတ်ကာ အခန်းအပူချိန် အတိုင်းထားပြီး ရေခဲဖျော်ထားပါ
  • ၀မ်တုန်ရွက်ကို ထောင့်ချွန်းခင်းပြီး ကြက်သားအရသာနယ်ကို ထမင်းစားဇွန်း တဇွန်းစာထည့်ပြီး ၀မ်တုန်ဖတ် အနားများကို ရေစွတ်ပြီး တွန့်ကာခေါက်ပေးပါ
  • ခေါက်ပြီးသား ၀မ်တုန်များကို တခုနှင့်တခု မကပ်အောင် ခွာထားပါ
  • အားလုံးပြီးပါက ဆီကိုအပူပေးပြီး ဆီပူလာပါက ၀မ်တုန်ခေါက်များထည့်ကာ မီးအပူရှိန် အလယ်အလတ်လောက်လျှော့ပြီး ကြော်ပေးပါ
  • အားလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ 
  • ဆီစစ်သွားပါက ကြက်သားဝမ်တုန်ကြော် မွှေးမွှေးလေးကို နှစ်သက်ရာ အချဉ်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment