Wednesday 11 April 2012

SUSHI (californai rool)


ဆူရွီလိပ္ေလးမ်ား
ဒီနေ့တော့ သမီးငယ်လေး ကျောင်းပိတ်ပါတယ် သူကျောင်ပိတ်တော့ မေမေရေ ဆူရှီလိပ်ကြရအောင်တဲ့ ဒီတော့လဲ အမေက ပြင်ဆင်ပေးပြီး သူကလိပ်ပါတယ်။

ဒါကြောင့်မို့လို့ သမီးငယ်လေးလိပ်ထားတဲ့ ဆူရှီလိပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၇လိပ်စာအတွက်)
  1. ဆူရှီဆန် ( Sushi Rice) -2 cups
  2. ရေ - 6cups
  3. Sushi vinegar - 1 tablespoon
  4. Sushi seasong - 6 tablespoons

ဆူရှီဆန် ချက်ရန်
  • ဆူရှီဆန်ကို ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ထမင်းပေါင်းအိုးထဲမှာ ဆန်နှင့်ရေကိုထည့်ပြီး ခလုတ်နှိပ်ကာ တည်ပေးပါ
  • ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ sushi seasoning & vinegar ထည့်ပြီး သမအောင် မွှေပေးပါ
ကြက်သားချက်ရန် ပါဝင်ပစ္စည်းများ
  • Chicken - 400 g
  • Soy sauce - 2tbsps
  • Conflor - 1tbsp
  • Sugar - 1 tsp
  • Oil - 1 tbsp
ကြက်သားချက်ရန် ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး soy sauce conflor sugarတို့ကို အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သားထည့်ပြီး မွှေပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေခမ်းတာနဲ့ မီးပိတ်ပြီး အအေးခံထားပါ
ဆူရှီလိပ်ရန် ပြင်ဆင်ပုံ
  • ချက်ပြီးအအေးခံထားသော ကြက်သားကို အဆင်သင့် ပြင်ထားပါ
  • သခွားသီးကို အခွံခွာပြီး ရေဆေးကာ အမြှောင်းအရှည်လေးတွေ လှီးထားပါ
  • ထောပါတ်သီးကို အခွံခွာကာ အမြှောင်းအရှည်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာအြီး ရေဆေးကာ အမြှောင်းအရှည်လေးတွေ လှီးထားပါ
  • ဂဏန်းချောင်းကို ရေနွေးဆူမှာ နှစ်မိနစ်လောက်ပြုပ်ပြီး ဆယ်ပေးကာ အရှည်လိုက် လှီးထားပါ
ဆူရှီလိပ်ရန် ပါဝင်ပစ္စည်းများ
  1. ရေညှိဖတ်
  2. ယင်းလိပ်
  3. ပလပ်စတစ်စ
  4. ကြက်သားဟင်း
  5. နှမ်းလှော်
  6. မုံလာဥနီ
  7. သခွားသီး
  8. ဂဏန်းချောင်း
ဆူရှီလိပ်ပုံ
  • ဆူရှီလိပ်မည့် ယင်းလိပ်ပေါ်မှာ ပလစ်တစ်စကို ခင်းပေးပါ
  • ပလပ်စတစ်စ အပေါ်မှာ ရေညှိဖတ်ကို ခင်းပေးပါ
  • ထိုအပေါ်မှာ ထမင်းကို ဖြန့်ခင်း​ပေးပါ
  • ထမင်းအ ပေါ်မှာ နှမ်းများကို ဖြူးပေးပါ
  • ပြီးတာနဲ့ ထမင်းကို အောက်ဖက်ရောက်သွားအောင် ရေညှိဖတ်ကိုမပြီး လှန်ပေးလိုက်ပါ
  • ရေညှီဖတ် အပေါ်ဖက်မှာ ကြက်သား သခွားသီး မုံလာဥနီ ဂဏန်းချောင်းနှင့် ထောပါတ်သီးတို့ကို ထည့်ပေးပါ
  • အားလုံးထည့်ပြီးတာနဲ့ ယင်းလိပ်အောက်စကို အပေါ်ဖက်ရောက်အောင် လိပ်ပေးပါ
  • ပြီးတာနဲ့ လက်နှစ်ဖက်နဲ့ ခပ်ဖွဖွလေး ဆုတ်ပေးကာ ခပ်ကျစ်ကျစ်လေး ရလာအောင် လိပ်ပေးပါ
  • နောက်တစ်နည်း အနေနဲ့ ရေညှိဖတ်ကို အပြင်မှာထားပြီး ပါဝင်ပစ္စည်းများကို ထည့်ပေးပါ
  • ပြီးတာနဲ့ အထက်ပါ နည်းအတိုင်း လိပ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆူရှီလိပ်လေးတွေကို လှီးပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
ဆူရှီဆန်



  







 






















California Roll 













No comments:

Post a Comment