Saturday 7 April 2012

ပုဇွန်ဆီချက်နည်း (ပထမနည်း)


ဒီနေ့ ဈေးကိုသွားရင်းက ပုဇွန်တွေ ဈေးချထားတာနဲ့ အများကြီး ဝယ်လာတော့ ပုဇွန်တွေ သန့်စ်ပြီးချိန်မှာ အခွံတွေရော ခေါင်းတွေပါ အများကြီး ထွက်လာခဲ့တယ် ဒီတော့လဲ အခွံတွေ ပြစ်ရမှာ သမျှောတာနဲ့ ပုဇွန်ဆီချက်ဖို့ ပြင်ရပြန်ပါတယ် ပုဇွန်တွေက အကောင်ကြီးပြီး အခွံထူကာ အဆီတွေ ပေါလွန်းတာနဲ့ ပုဇွန်ဆီချက်ဖို့ကို ပြင်ဖြစ်သွားတာနဲ့ ပြင်ဆင်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ 
  1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
  2. ဆီ - တစ်ဆယ်သား
  3. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ရေ - သုံးလီတာ

ပြင်ဆင်ပုံ
  • ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံထကျယ်ကျယ်ထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  • ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ပြီး ဖယ်ပေးပါ
  • ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တစ်ညက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရည်ဆုံး ကျင်ပေးပါ
  • အရည်ကျင်ထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  • အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
  • ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပြစ်လိုက်ပါ
  • ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ 
  • ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  • ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်
  • အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  • ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  • ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • ဆီထည့်ပြီးတာနဲ့ ပုဇွန်ဖတ်များ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
  • ပုဇွန်အနှစ်များ ပြစ်လာပြီး ဆီထဲမွာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး အေအးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  • ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

4 comments:

  1. ဟင်းခတ်မှုန်. ဆိုတာဘယ်လိုမျိုး ကိုပြောတာလဲဟင်?
    Please..!!!!!

    ReplyDelete
  2. ဟင်းခတ်မှုန့်ဆိုတာ တစ်ချို့ကအချိုမှုန့်ကိုသုံးကြသလို
    အချိုမှုန့်မစားတဲ့သူတွေက ကြက်သားမှုန့်တို့ ခနောအမှုန့်တို့ကိုသုံးကြလို့
    ကြိုက်ရာကိုသုံးလို့ရအောင်ဟင်းခတ်မှုန့်လို့ရေးလိုက်တာပါ
    အခုလိုမေးတဲ့အတွက်ကျေးဇူးနော်

    ReplyDelete
  3. ကျေးဇူးပဲ အမ :) ခုမှစချက်ဖူးတာမလို့

    ReplyDelete
    Replies
    1. လာလည်တဲ့အတွက်လဲကျေးဇူးပါ..

      Delete