ဒီနေ့တော့ ကောက်ညှင်းပေါင်း စားချင်တာနဲ့ ကောက်ညှင်းငချိတ်ကို ပေါင်းပါတယ် ဗယာကြော်လေးလဲ ကြော်ဖြစ်တဲ့အတွက် လိုက်ဖက်တဲ့ အတွဲလေး ဖြစ်သွားခဲ့ပါတယ်။
ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို စိတ်ကူးရသလို ပေါင်းလိုက်ပြီး နှမ်းလှော်ထောင်းလေးဖြူးကာ ဗယာကြော်နဲ့ တွဲဖက်ပြီ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကောက်ညှင်းငချိတ်ဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
- ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )န
- ပေါင်းအိုး - တစ်လုံး
- Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ
ပြင်ဆင်ပုံ
- ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
- ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ ပေါင်းဖို့ ပြင်ပေးပါ
- မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါပေ
- ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
- ထိုပေါင်းခံဇကာထဲမှာ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
- ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ် steam ကိုနှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
- ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
- အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ငါးမိနစ်လောက် ထပ်ပေါင်းပေးပါ
- ပြီးတာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
- အိုးထဲမှ ကောက်ညှင်းငချိတ်ပေါင်းကို ပန်းကန်ထဲ ပြောင်းထည့်ပြီး ဗယာကြော်နဲ့ တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။
- နှမ်းလှော်ထောင်း ဖြူးပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment