Saturday, 30 November 2024

ကြက်သား မရမ်းသီးသနပ်ဟင်း

 



မာမာ ဒီနေ့တော့ ကြက်သားကို မရမ်းသီးသနပ်နဲ့ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် မရမ်းသီးသနပ် ပါတဲ့အတွက် ကြက်သား အရသာက ချဥ်ဖြုံ့ဖြုံ့ အရသာလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။ 

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားမရမ်းသီးသနပ် ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 500 g 
  2. မရမ်းသီးသနပ် - ထမင်းစားဇွန်း ငါးဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  9. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. စပါးလင် - တစ်ပင်
  12. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ့
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါဒ
  • ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
  • မရမ်းသီးသနပ်ကို အဆင်သင့် ပြင်ထားပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့  မရမ်းသီးသနပ်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါဒ
  • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးကာနီးမှာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက အထက်အောက် သမအောင် မွှေပေးပြီး  မီးပိတ်ပေးပါ
  • ဆီပြန်လာပါက မရမ်းသီးသနပ် ကြက်သားဟင်း ချဥ်ဖြုံ့ဖြုံ့လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 28 November 2024

သီးရွက်စုံ သနပ်

 



မာမာ ဒီနေ့တော့ ဟင်းချက်တဲ့ အခါမှာ ပိုနေတဲ့ အသီးအရွက်လေးတွေကို သီးရွက်စုံ သနပ်လေး လုပ်ဖြစ်ပါတယ်။

မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။

အသီးအရွက် သနပ်လေးတွေ လုပ်တဲ့အခါမှာ မာမာသုံးတဲ့ ပဲနံ့သာစေ့ နဲ့ မုန့်ညှင်းစေ့တို့ မရနိူင်ပါက သနပ်မဆလာကို သုံးနိူင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ သီးရွက်စုံသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲပင်ပေါက် - 1oo g
  2. မျှစ်ပြုပ်ပြီးသား - 100 g
  3. ကင်းမုံသီး - 50 g
  4. ကြက်ဟင်းခါးသီး - 50 g
  5. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း လေးဇွန်း
  6. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မုန်ညှင်းစေ့  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  10. ငရုတ်သီးစိမ်း - ဆယ်တောင့်
  11. သံပုရာသီး - တစ်လုံး (သို့မဟုတ်)
  12. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ
  13. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက် (အရသာအတွက်သုံးရ်)
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  15. ဆီ - လိုသလောက် သုံးပေးပါ
  16. ဆား - ထမင်းစားဇွန်း တစ်ဝက်သာသာ (ကင်းမုံသီးဆေးရန်)

ပြင်ဆင်ပြုလုပ်ပုံ

  • ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ကင်းမုံသီးကို ထက်ဝက်ခြမ်းကာ ဆားနဲ့နယ်ပြီး ရေနှင့်လေးထပ်လောက်ဆေးကာ ရေစစ်ထားပါ
  • ကြက်ဟင်းခါးသီးကို မလိုသော အစေ့များကို ဖယ်ကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • သံပုရာသီး သုံးမယ်ဆိုပါက ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ (သို့မဟုတ်)
  • မန်ကျည်းသီးမှည့်ကို သုံးမယ်ဆိုပါက ရေဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပဲပင်ပေါက် မျှစ် ကင်းမုံသီးနှင့် ကြက်ဟင်းခါးသီးတို့ ထည့်ပေးပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ  ချက်ပေးပါ
  • အရသာ သမသွားပါက မန်ကျည်း မှည့်ရည် (သို့) သံပုရာရည် ထည့်ပြီး ချက်ပေးပါ
  • အရသာ သမသွားကာ ရေခရေးပြီး ဆီပြန်အောင် ချက်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • သီးရွက်စုံ သနပ်လေးကို ထမင်းဖြူနှင့် တွဲဖက်ကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Tuesday, 26 November 2024

မရမ်းသီးသနပ်( Marian Plum Pickled )


 

မာမာဒီနေ့တော့ မာမာ့ညီမလေး ပို့ထားတဲ့ မရမ်းသီး အခြောက်လေးတွေကို မရမ်းသီးသနပ် (Marian Plum Pickled)လုပ်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ထမင်းမြိန်စေမဲ့ မရမ်းသီးခြောက်သနပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မရမ်းသီးခြောက် - ကီလိုဝက်
  2. ဆား - ထမင်းစားဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငရုတ်သီး အရောင်တင်မှုန့် -  ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
  6. ဇီယာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ပဲနံ့သာစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်ဆယ့်ငါးမွှာ
  9. ငရုပ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပြုလုပ်ပုံ
  • မရမ်းသီးခြောက်ကို တစ်နာရီခွဲခန့်ပေါင်းပေးပါ
  • ပဲနံ့သာစေ့နှင့် ဇီယာစေ့ကို လှော်ပြီးကြိတ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့  မွှေးလာတာနဲ့ ပေါင်းထားသော မရမ်းပြားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ မရမ်းသီးများ ပျော့ပြီး ကျေလာတဲ့အထိ ချက်ပေးပါ
  • မရမ်းသီးများ ပျော့လာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မရမ်းသီးသနပ် ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားပါက သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးထားပါ
  • မရမ်းသီးသနပ်ရဲ့ အပေါ်မှ ဆီကိုလောင်းထည့်ပေးပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • မရမ်းသီး သနပ်ကို ထမင်းဖြူနှင့်ဖြစ်စေ ထောပါတ်ထမင်း ဒံပေါက်ထမင်းတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Monday, 25 November 2024

ဗယာကြော်

 





ဒီနေ့တော့ နွေရာသီရဲ့ အပူရှိန်ကို အံတုရင်း ငါ့၀မ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ အတွက် ချက်ရပြုပ်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်။

ကုလားပဲခြမ်း 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိူင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်၀က်နူန်းနဲ့တွက်ပြီး ကြော်နိူင်ပါတယ်။

ခြံထဲဆင်းပြီး ပျဥ်းတော်သိမ်းရွက်လေးခူးကာ  ဗယာကြော်ကြော်ဖို့ ပြင်ရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်း - 2 cups
  2. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
  3. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
  4. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. Baking Soda - လက်ဖက်ရည်ဇွန်း တစ်တက်သာသာ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
  10. ငရုတ်သီး အခြောက်တောင့် - မိမိနှစ်သက်သလောက်
  11. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ပဲများ ရေစစ်သွားပါက ပဲခြမ်းအနည်းငယ်ကို ဖယ်ထားပါ
  • ပြီးတာနဲ့ ကျန်နေသော ပဲခြမ်းများကို အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်၀က် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး Baking Soda ဖယ်ထားသော ပဲခြမ်းများ ဆား အချိုမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့်  ကြက်သွန်နီ  နနွင်းမှုန့် ငရုတ်သီးနှင့် ပျဉ်းတော်သိမ်းရွက်တို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပဲများကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို အလုံးလေးတွေ ဆုတ်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
  • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တစ်ခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
  • ဗယာကြော် ကြော်တဲ့အခါမှာ ဆီပူအိုးထဲကို ပဲဆုတ်လေးများ ကွဲထွက်သွားတတ်တဲ့အတွက် အသာအယာလေး ထည့်ပေးပါ
  • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ ဗယာကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ဗယာကြော်မွှေးမွှေးလေးကို တွဲဖက်ပြီး စားသုံးရန ပြင်ဆင်ပေးနိူင်ပါပြီ။

Sunday, 24 November 2024

ကောက်ညှင်းငချိတ်ပေါင်း


 


ဒီနေ့တော့  ကောက်ညှင်း‌ပေါင်း စားချင်တာနဲ့  ကောက်ညှင်းငချိတ်ကို ပေါင်းပါတယ် ဗယာကြော်လေးလဲ  ကြော်ဖြစ်တဲ့အတွက် လိုက်ဖက်တဲ့ အတွဲလေး ဖြစ်သွားခဲ့ပါတယ်။


ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို ပေါင်းလိုက်ပြီး ဗယာကြော်နဲ့ တွဲဖက်ပြီ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ်ဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2.  ရေ -  1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  3. ပေါင်းအိုး - တစ်လုံး
  4. Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ

ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းဖို့ ပြင်ဆင်ပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက ဇကာပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါပေ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာထဲမှာ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ် steam ကိုနှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ငါးမိနစ်လောက် ထပ်ပေါင်းပေးပါ
  • ပြီးတာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးထဲမှ ကောက်ညှင်းငချိတ်ပေါင်းကို ပန်းကန်ထဲ ပြောင်းထည့်ပြီး ဗယာကြော်နဲ့ တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

Friday, 22 November 2024

ပဲသီးကြော်


 
မာမာ ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့နေ့ ဖြစ်တဲ့အတွက် ပဲသီးကို သတ်သတ်လွတ်လေး ကြော်ပါတယ်။ 
ကြော်ရတာ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲသီးကြော် ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. ပဲသီး - ၁၈ တောင့်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်းခန့်
  6. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ပဲသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ ပဲသီး များကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ပဲသီးကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

Thursday, 21 November 2024

ကြက်သားပဲရည်သုပ်

 







ဒီနေ့တော့ စိတ်ထဲမှာ စားချင်စိတ် ပေါ််လာတာနဲ့ ကြက်သား ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ်  မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကြက်သား - 500 g
  2. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ဆား - လိုသလောက် သုံးပေးပါ
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လိုသလေုာက် သုံးပေးပါ
  12. အရသာမှုန့် - လိုသလောက် သုံးပေးပါ
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း 
  14. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  15. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  16. ငရုတ်သီး အကျက်မှုန့် - လိုသလောက် သုံးပေးပါ
  17. သံပုရာသီး - နှစ်လုံး
  18. ပူစီနံ - မိမိနှစ်သလောက်
  19. နံနံပင် - နှစ်သက်သလောက်
  20. ပျဥ်းသိမ်းရွက် - အနေတော် နှစ်ခက်
  21. ရေ - လိုသလောက် သုံးပေးပါ
ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေစင်အောင် ဆေးကာ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ နယ်ထားပါ
  • အိုးတစ်လုံးထဲမှာ ရေ တရုတ်ဟင်းပြင်ပန်းကန် သုံးလုံးစာနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေပါ
  • ရေဆူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထည့်ကာ မိနစ်သုံးဆယ်လောက် ပြုပ်ပေးပါ
  • ကြက်သားများ ကျက်တာနဲ့ ဆယ်ပြီးရေစစ်ထားပါ
  • ကြက်ပြုပ်ရည်ကိုတော့ ပဲမှုန့်ကျိူရမှာ ပြန်သုံးမှာ ဖြစ်တဲ့အ့အက် အအေးခံထားပါ။

ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  • ချင်း ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  • ပျဥ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းနှင့်  ပျဥ်းတော်သိမ်းရွက်ကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  • ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက အအေးခံထားသော ကြက်ပြုပ်ရည်ကို နဲနဲချင်း ထည့်မွှေပေးပါ
  • ပဲရည်အပျစ်အကျဲကို မိမိစိတ်ကြိုက် အနေအထား ရလာအောင် ထည့်မွှေပေးပါ
  •  မိမိ စိတ်ကြိုက် ပဲရည် အပျစ်အကျဲ ရလာပါက ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။

အာလူးပြုပ်ရန်
  • အာလူးကို ရေဆေးပြီး အိုးထဲမှာ ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး အာလူးနူးတဲ့အထိ ပြုပ်ပေးပါ

ကြက်သားပဲရည် အသုပ် သုပ်ရန်
  1. ကြက်သားများကို အရိုးများဖယ်ပြီး ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ (သို့မဟုတ်)
  2. အရိုးနှင့်အသား တွဲလျှက် စားချင်ပါက အနေတော် အတုံးလေးတွေ တုံးထားပါ
  3. ချက်ထားသော ပဲဟင်းရည်ကို ပြင်ထားပါ
  4. အာလူးကို အခွံခွာပြီး ရေဆေးကာမထူမပါးလေးတွေ လှီးထားပါ
  5. နံနံပင်ကို ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  6. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  8. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  9. ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
  10. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  1. ပန်းကန်တစ်ခုထဲမှာ ကြက်သား ဂေါ်ဖီ အနည်းငယ် နံနံပင် အနည်းငယ် အာလူး အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ်နှင့် ငရုတ်သီး အလှောမှုုန့်တို့ို့ည့်ပေးပါ
  2. ပြီးတာနဲ့ သံပုရာသီး တစ်စိတ်ရဲ့ အရည်ကိုညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး ပလာတာ ပဲရည်သုပ်ကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Monday, 18 November 2024

ပဲတီချဥ်သနပ်





မာမာ ဒီနေ့တော့ အရင်ရက်က ပဲတီချဥ်လေး ထည့်ထားတာ ချဥ်လာပြီ ဖြစ်တဲ့အတွက် မျှစ်ပြုပ်ပြီးသားလေးတွေ ဝယ်လာပြီး ပဲတီချဥ် သနပ်လေး လုပ်ဖြစ်ပါတယ်။

ပဲတီချဥ်ကြီးဘဲ ချဥ်ငံစပ်လေး လုပ်လို့ရပေမဲ့ မျှစ်ပြုပ်လေးပါတော့ ပိုပြီးစားလို့ကောင်းတဲ့အတွက် မျှစ်လေးထည့်ထားပါတယ်။

မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ ပဲတီချဥ် သနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲတီချဥ် - 3oo g
  2. မျှစ်ပြုပ်ပြီးသား - 200 g
  3. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း လေးဇွန်း
  4. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီးစိမ်း - ဆယ်တောင့်
  9. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပြုလုပ်ပုံ

  • ပဲတီချဥ်ကို အရည်များ ညှစ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပဲတီချဥ်နှင့် မျှစ်တို့ကို ထည့်ပေးပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ မျှစ်နှင့် ပဲတီချဥ်များထဲမှ ရေခမ်းပြီး ဆီပြန်အောင် ချက်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • ပဲတီချဥ် သနပ်လေးကို ထမင်းဖြူနှင့် တွဲဖက်ကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Saturday, 16 November 2024

ကင်းမုံသီးသနပ် (Pointed Gourd Pickled)

 




မာမာ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေဖို့အတွက် ကင်းမုံသီးသနပ် Pointed Gourd Pickled လေး လုပ်ဖြစ်ပါတယ်  အသီးနှံပေါချိန်မှာ အချဉ်တည်ပြီး ကြာရှည်ခံသိမ်းဆည်းကာ စားနိုင်တဲ့ သနပ်တည်နည်းလေး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့  ထမင်းမြိန်စေမဲ့ အရံဟင်းရံအဖြစ် စားသုံးနိူင်မဲ့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ကင်းမုံသီး သနပ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1.  ကင်းမုံသီး - 400 g
  2. မျှစ်ပြုပ်ပြီးသား - 200 g
  3. ခရမ်းချဉ်သီး အလုံးကြီးကြီး - နှစ်လုံး
  4. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  8. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  10. ငရုတ်သီးစိမ်း - ဆယ်တောင့်
  11. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ဆီ - လိုသလောက် သုံးပေးပါ
  14. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကင်းမုံသီးဆေးရန်)
ပြင်ဆင်ပြုလုပ်ပုံ
  • ကင်းမုံသီးကို ရေဆေးသန့်စင်ပြီး ထုထားပါ (သို့မဟုတ်) ခပ်စောင်းစောင်း လှီးဖြတ်ပေးထားပါ
  • ပြီးတာနဲ့ ဆားဖြင့်နယ်ပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်သေးသေး အစိတ်လေး လှီးပေးကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းရုံလေး ပြုပ်ထားပါ
  • မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး ငရုတ်သီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပြုပ်ထားသော သောခရမ်းချဉ်သီးကို ထည့်ပြီးအနှစ်ကျကာ ကျေလာအောင် ချေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာပါက ကြော်ထားသော ကင်းမုံသီးနှင့် မျှစ်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ မျှစ်နှ့ ကင်းမုံသီးမျာ ကျက်အောင် ချက်ပေးပါ
  • မျှစ်နှင့် ကင်းမုံသီးများ ကျက်တော့မှ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးထားပါ
  • ပုလင်းကို အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • ကင်းမုံသီး သနပ်လေးကို ထမင်းဖြူနှင့်ဖြစ်စေ ပလာတာ တိုရှည် ပူရီတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Friday, 15 November 2024

ကြက်သား ဗယာကြော်

 




မာမာဒီနေ့တော့ ကြက်သားကို ပဲအစိမ်းမှုန့်နဲ့ ပြောင်းကော်မှုန့်ထည့်ကာ ဗယာကြော် သဘောမျိုးလေး ကြော်ဖြစ်ပါတယ် ပဲအစိမ်းမှုန့်တွေ ဝယ်ထားတာ ရှိလေတော့ ဗယာကြော်လိုမျိုး ကြော်စားကြည့်ရင် ကောင်းမှာဘဲဆိုပြီး စမ်းသပ်ပြီး ကြော်ဖြစ်ခဲ့ပါတယ်။

မထင်မှတ်ဘဲ စားလို့အရမ်းကောင်းပြီး ပဲကိုရေစိမ်ရ ကြိတ်ရ ထောင်းရတာတွေ အရမ်းကို အချိန်ကုန် သ က်သာစေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲစိမ်းမှုန့်နဲ့ ဗယာကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 200 g
  2. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် နှစ်လုံးခွဲ
  5. ကြက်သွန်မိတ် - နှစ်ပင် (ပျဉ်းတော်သိမ်းရွက် ရှမ်းနံနံ ပူစီနမ် နံနံပင်တို့နဲ့ အစားထိုးကြော်လို့ရပါတယ်)
  6. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အရသာနယ်ရန်)
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  12. ဆီ - လိုသလောက် သုံးပေးပါ
  13. ငရုတ်သီး အခြောက်တောင့် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ညက်နေအောင် စင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ  ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ စင်းထားသောကြက်သား ပြောင်းကော်မှုန့် ပဲအစိမ်းမှုန့် ကြက်သွန်နီ ရှမ်းနံနံ ဆား ဆီ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ပြီး ရေကို နည်းနည်းချင်းထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • ရေကို နည်းနည်းချင်း ထည့်နယ်ပေးပြီး လိုတိုး ပိုလျှော့ လုပ်ပေးပါ
  • အရသာ သမသွားတာနဲ့ ပဲများပွလာစေရန် နာရီဝက်လောက် နှပ်ထားပါ
  • ပဲနှပ်ထားချိန် ပြည့်တာနဲ့ အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အရသာ နှပ်ထားသော ပဲအနှစ်များကို ထမင်းစားဇွန်းအရှည်နှင့် တစ်ဇွန်းစာခပ်ကာ ဆီအိုးထဲကို ထည့်ပေးပါ
  • ပဲအနှစ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
  • ကြက်သားဗယာကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်မွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ကျန်နေသော ပဲအနှစ်များကို အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးပြီး ဆီစစ်ထားပါ
  • အားလုံးကြော်ပြီးတာနဲ့ အိုးထဲမှ ဗယာကြော် ကြော်ထားသော ဆီများကို အကုန်နီးပါး ပန်းကန်တစ်ခုထဲကို ပြောင်းပြီး ထည့်ပေးထားပါ
  • အိုးမှာကပ်နေသော ဆီကျန်လေးထဲကို ငရုတ်သီးတောင့်များ ထည့်ပေးပြီး မီးနွေးနွေးလေးနဲ့ လှော်ပေးပါ
  • ငရုတ်သီးတောင့်များ ညိုရောင်လေး သန်းလာပြီး ကြွတ်ရွလာပြီဆိုတာနဲ့ မီးဖိုပေါ်က ဖယ်ပေးပါ
  • ပြီးတာနဲ့ ပဲစိမ်းမှုန့် ဗယာကြော်မွှေးမွှေး ကြွတ်ကြွတ်လေးကို ငရုတ်သီးတောင့်ကြော်လေးနှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။