Friday 28 June 2024

ကောက်ညှင်း အုန်းနိ့ဆမ်း

 


မာမာ ဒီနေ့တော့ ကောက်ညှင်းအဖြူကို ပဲလွန်းပြုပ်ပြီးသားလေးတွေနဲ့ ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးစိမ့်စိမ့်လေးကို ပေါင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကောက်ညှင်းပေါင်းကို အုန်းနို့ မွှေးမွှေးစိမ့်စိမ့်လေးနဲ့ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်း အုန်းနို့ဆမ်းတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် အဖြူ - လေးဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးပါ
  3. ပြုပ်ပြီးသားပဲလွန်း - မိမိနှစ်သက်သလောက်ထည့်ပါ
  4. Pressure cooker - တစ်လုံး
  5. Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ
အုန်းနို့ကျိုရန်
  1. အုန်းနို့ - 400 ml တစ်ဗူး
  2. သကြား - ထမင်းစားဇွန်း ငါးဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  5. အိုးတစ်လုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးမှုန့်နှင့် ကောက်ညှင်းဆန် နှစ်မျိုးစလုံးကို ရောထားပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာ အပေါ်မှာ ပြုပ်ပြီးသား ပဲလွန်းကို ဖြန့်ခင်းပေးပါ
  • နောက်တစ်ထပ် ပဲအပေါ်မှ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
  • ပြီးတာနဲ့ ပန်းကန်လုံးထဲမှာ ကောက်ညှင်း ပဲလွန်းစိမ့်စိမ့်လေးထည့်ပြီး အုန်းနို့ဆမ်းကာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment