Saturday 29 March 2014

ရွှေကြည် ဆနွင်းမကင်း



မာမာ တနေ့က အချိုတည်းဖို့ လုပ်ဖြစ်တဲ့ရွှေကြည်ဆနွင်းမကင်းလေးပါ စားလို့ကောင်းလို့မျှဝေလိုက်တာပါ ပြင်ဆင်ရတာလည်း အရမ်းလွယ်ပါတယ်။

မုန့်သားစပ်တဲ့ အချိုးအစားကလဲ လွယ်ကူမြန်ဆန်ပါတယ် oven မလိုဘဲ မိုက်ခရိုဝေ့ ရှိရုံနဲ့ အလွယ်တကူရနိုင်တဲ့ မုန့်လေးပါ။

ပါဝင်ပစ္စည်းများ

  1. ရွှေကြည်မှုန့်(semolina powder) - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
  2. ပြေင်းကော်မှုန့် (Cornflour ) -  ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဝက်
  3. အုန်းနို့- ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်ခွဲ
  4. ရေ - မင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
  5. ကြက်ဥ - နှစ်လုံး
  6. သကြားအညို (Brown sugar) - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်းခွဲ
  7. ထောပတ် -  70 g
  8. ဘိန်းစေ့ (Poppy seeds) - အနည်းငယ်
  9. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ

  1. ရွှေကြည်မှုန့်ကို အညိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့် လှော်ပေးပြီး အအေးခံထားပေးပါ
  2. ထောပတ်ကို ပျော်သွားအောင် မီးအနေတော်နဲ့အပူပေးထားပါ
  • အိုးတလုံးထဲမှာ အုန်းနို့ ရေ ဆား ခလောက်ထားသောကြက်ဥ သကြား cornflourတို့ကိုရောပြီမီးအနေတော်နှင့်ကျိုပေးပါ
  • ရေခမ်းပြီး ထောပတ်ဆီ ပြန်ထွက်လာတဲ့ထိ စိတ်ရှည်ရှည် မွှေပေးပါ
  • ထောပတ်ဆီ ထွက်လာပြီး မုန့်သားညက်လာပါက မုန့်ဖုတ်သည့် ဘန်းထဲသို့ပြောင်းထဲ့ပြီး မိုက်ခရိုဝေ့မီးဖိုထဲသို့ ထဲ့ကာ တစ်မိနစ်စီ ၆ခါလောက် အပူပေးပြီးရင် ရွှေကြည်ဆနွင်းမကင်း ရပါပြီ
  • ပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သလို လှီးပေးပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

6 comments:

  1. ကော်ဖီသောက်ရင်း ကြည့်လိုက်မိတော့ အတော်ပဲ ဖြစ်သွားတယ် မမမာရေ..
    အားပေးသွားပါတယ် မမမာ
    မိုးစက်ဝိုင်

    ReplyDelete
  2. ကျေးဇူးပါမိုးစက်ဝိုင်ရေ

    ReplyDelete
  3. sis..hope you can add photos of the processing..
    i tried today but it did not work out well...:(

    ReplyDelete
  4. မမာရေ ရွှေကြည်မှုန့်ကို E လို ဘယ်လိုခေါ်လဲ...

    ReplyDelete
    Replies
    1. Semolina Powder လို့ ခေါ်တယ် နော်

      Delete
    2. Semolina powder လို့ခေါ်တယ်နော်

      Delete