Sunday, 12 January 2014

ပဲကြော် ကြွတ်ကြွတ်လေး

ပဲကြော်
မကြာ မကြာကြော်ဖြစ်ခဲ့တဲ့ အကြော်လေးပါ ဒီနေ့တော့ အကြော်မှုန့် တစ်မျိုးဖြစ်တဲ့ Tempura Batter Mix
အမှုန့်လေးနဲ့ကြော်ထားပြီး ကြော်ရတာ အရမ်းလွယ်ပြီး အရသာလဲ အရမ်းကောင်းသလို ကြွတ်လဲအရမ်းကြွတ်ကာ ကြော်ရတာ အဆင်ပြေတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ် ။


ပါဝင်ပစ္စည်းများ (အချပ်ကြီး ၆ချပ်စာ)

  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးအပြည့်နှင့်နောက်ထပ်လက်တလုံးစာ
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
ပြင်ဆင်ပုံ
  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်ဖုံးပြီး တညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုး ပဲကြော်တချပ်စာ အနေတော်အိုးကို အပူပေးပါ
  • အိုးပူလာလျှင် ဆီထည့်ပြီး ဆီကို အပူဆက်ပေးပါ
  • ဆီပူလာပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အ၀ိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးရွလာမှ အသာလေး ဆယ်ပြီး ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သောအချပ်များကို မကြော်ခင် ဆီကို နည်းနည်း အအေးခံပြီးမှ မီးဖိုပေါ် ပြန်တင်ပြီး ပထမအချပ်အတိုင်း ဆက်ကြော်ပေးကာ အကြော်၈ချပ်ရပါမယ်
  • အားလုံကြော်ပြီး ဆီစစ်သွားပါက နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ

ပဲကြော်နှင့်အကြော်မှုန့်

2 comments:

  1. ကောင်းလိုက်တာ အစ်မရေ .. မုန့်ဟင်းခါး မချက်ဖြစ်သေးလဲ သိမ်းထားရင် ရတာဘဲနော် ..
    post တွေ မတင်တာကြာပြီဆိုတော့ အခုမှဘဲ အားရပါးရ ပြန်ဖတ်ရတော့မယ် .. ^___^

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ညီမရေ ဟင်းတွေလဲ မချက်ဖြစ်တာ ကြာခဲ့ပြီ
      အခုမှဘဲ ပြန်ချက်ဖြစ်တယ်လေ လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမရေ.

      Delete