Saturday 16 February 2013

အမဲသားလုံး ထမင်းပေါင်း

ထမင်းပေါင်းပူပူလေး


ကော်မှုန့်အရည်ဖျော် အမဲသားလုံးနှင့်ကြက်သား

လိုအပ်သော အသီးအရွက်များနှင့်ငုံးဥ



အသီးအရွက်များ အိုးအပူရှိန်ကြောင့်နူးမသွားစေရန်
အိုးထဲမှာမထားဘဲ ဇလုံထဲသို့ပြောင်းထဲ့ပေးပါ


မကြာမကြာ ချက်စားဖြစ်တဲ့ ထမင်းပေါင်းလေးပါ မာမာတို့က ဝက်သားမစားတဲ့အတွက် အမဲကြိတ်သားလေးနဲ့ဘဲ ချက်ထားပါတယ် ဝက်သားစားတဲ့ သူတွေအတွက်ကတော့ ဝက်ခေါက်ကင်လေးနဲ့ဆို အရမ်းကောင်းမှာပါ မာမာကတော့ အမဲကြိတ်သားကို အသားလုံးလုပ်ပြီး ဆီပူပူနဲ့ကြော်ကာ ချက်လိုက်တဲ့ အိမ်လုပ်ထမင်းပေါင်းလေးဘဲ ချက်ထားပါတယ်။

ကိုယ့်အိမ်မှာရှိတဲ့ အသီးအနှံ အသားလေးတွေနဲ့ လုပ်စားရင်လဲ ရတာမို့ မပင်မပန်းနဲ့ ချက်စားလို့ရအောင် မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်တစ်ခါလဲ ထမင်းပေါင်း လုပ်နည်းလေး တင်ဖူးပါတယ် အိမ်ချက် ချက်နည်းလေးမို့ ထည့်တဲ့အသီးအနှံတွေကတော့ ကိုယ်ကြိုက်တာတွေ ထည့်နိုင်တာမို့ ချက်ကြည့်စေချင်ပါတယ်။

တစ်ခါချက်ရင် ဒါဘဲထဲ့ပြီး ချက်ရမယ်ဆိုတဲ့ ပုံသေဟင်းချက်နည်းလေးတွေ မဟုတ်လို့ ကိုယ်အဆင်ပြေသလို အရသာရှိအောင် ချက်နိုင်ကြပါတယ်။

တခါတလေ ကိုယ်တွေသိပ်စားချင်တဲ့ အခါမှာ အိမ်မှာအသီးအနှံတွေ မစုံလို့  ပြထားတဲ့ အမယ်တွေမရှိလို့ ချက်မစားရဘူးဆိုတဲ့ အလေ့အထလေး မဖြစ်ရအောင် အဆင်ပြေတဲ့ အသီးအရွက် အဆင်ပြေတဲ့အသားလေးနဲ့ ချက်လို့ရပါတယ် ဆိုတာလေးကို ပြောပြရင်း မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန် -  ပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
  2. အနေတော် လှီးထားသော ဘေဘီပြောင်းဖူး - ငါးဖူး
  3. အမြှောင်းလေးများ လှီးထားသော မုံလာဥနီ - တစ်ဥ
  4. အနေတော် လှီးထားသော ဂေါ်ဖီရွက်- နှစ်ရွက်
  5. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ၁၅ခက်ခန့်
  6. ရွှေပဲသီး - ဆယ်တောင့်
  7. အစိတ်လေးများ လှီးထားသော ခရမ်းချဉ်သီး - နှစ်လုံး
  8. အတ်ေလေးများလွှာပြီး လှီးထားသော ကြက်သွန်နီ - တစ်ဥ
  9. ဓါးပြားရိုက်ထားသော ကြက်သွန်ြဖူ - သုံးမွှာ
  10. ပဲတောင့်ရှည် - ငါးတောင့်
  11. ပြုပ်ပြီးအခွံခွာထားသော ငုံးဥ - နှစ်သက်သလောက်ထဲ့ပါ

ကော်ရည်အရည်ဖျော်ရန်
  • ကော်ရည် - ထမင်းစားဇွန်း သုံးဇွန်း
  • သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် နှစ်လုံးစာ
အမဲသားလုံးကြော်ရန်
  • အမဲသား ကြိတ်သား - 200 g
  • ထောင်းထားသောချင်း -  တစ်လက်မ၏အရည်
  • ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အားလုံးကိုရောနယ်ပြီး ဆီပူပူမှာကြော်ပေးပြီး နှစ်ဖက်လုံး ကျက်ပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ကြက်သားအရသာနယ်ရန်
  • ကြက်ပေါင်ကြီးကြီး နှစ်ခုကို အရိုးထွင်ပြီး အသားဖတ်လေးများ လှီးပေးပါ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့နှင့်ရောပြီးနယ်ပေးထားပါ
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဆီကိုဒယ်အိုးထဲမှာ ထည့်ပြီးအပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သားကို အရင်ဆုံး လေးမိနစ်လောက် ကြော်လိုက်ပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို မိနစ်ဝက်လောက် ထဲ့ကြော်ပေးပါ
  • ပန်းဂေါ်ဖီ မုံလာဥနီနှင့်ပြောင်းဖူးတို့ကို ထည့်ပေးပြီး တစ်မိနစ်လောက် ရောပြီးကြော်ပေးပါ
  • ကြော်ထားသော ကြက်သားလုံးကိုထဲ့ပြီး အရသာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ကော်ရည် ကိုထဲ့ကာ ပျစ်လာတဲ့အထိ မွှေပေးပါ
  • ကော်ရည်ပျစ်လာပြီး ပွက်ပွက်ဆူလာတာနဲ့ ငုံးဥ  ရွှေပဲသီး  ဂေါ်ဖီနှင့်ခရမ်းချဉ်သီးတို့ကိုထဲ့ပြီး သုံးမိနစ်လောက် ဆူအောင်တည်ပေးပြီးတာနဲ့ အမဲသားလုံး ကော်ရည်ကို ရပါပြီ။
ထမင်းပွဲ ပြင်ဆင်ပုံ

  • ချက်ပြီးသား ထမင်းကို နှစ်သက်သလောက် ထဲ့ပေးပါ
  • ထမင်းအပေါ်မှ  ကော်ရည်နှင့်အသားများကို ထည့်ပေးပါ။

8 comments:

  1. ထမင်းပေါင်းဆိုလို့ကတော့ တစ်အိမ်လုံး ကြိုက်မှကြိုက် မာမာရေ။
    သားနှစ်ယောက် ပြန်ဆုံတိုင်း ထမင်းပေါင်းပဲစားကြတယ်း)
    စားချင်စရာ ထမင်းပေါင်း ပူပူနွေးနွေးလေး အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ
      အိမ်မှာလဲ တစ်မိသားစုလုံးကြိုက်ကြတယ်
      အားပေးသွားလို့ကျေးဇူးပါဘဲနော်
      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. ကောင်းလိုက်တာ အစ်မရေ..
    ဟင်းသီးဟင်းရွက်အစုံနဲ့ စားချင်လိုက်တာ..
    ဒီနေ့ အစ်မကို အားကျလို့ ဘာဆာငါး ငါးဆုပ်လုပ်ပြီး အစ်မလို ပျဉ်းတော်သိမ်လေးနဲ့
    အချဉ်ရေလေးအုပ်ချက်တယ် .... ^_^

    ReplyDelete
    Replies
    1. စားပါနော် ညီမလေးရေ..

      Delete
  3. ထမင်းပေါင်းဆို တအားကြိုက်တယ် မမမာ

    ReplyDelete
    Replies
    1. ဟုတ်ပါ့ မမာလဲအရမ်းကြိုက်တယ်.စားနော် စု..

      Delete
  4. ကျေးဇူးဘဲ မမေ၇ ခုမှတွေ့လို့ ချက်စားပြီ....

    ReplyDelete
  5. ဒီနည်းလေးနဲ့ချက်စားပြီးအဆင်ဆပြမပြေ ပြောပြပါအုံးနော်
    လာလည်တဲ့အတွက်လဲကျေးဇူးပါနော်..

    ReplyDelete