Wednesday 14 November 2012

မန်ကျည်းရွက်ပေါင်းသုပ်








ဒီနေ့တော့ တစ်မနက်လုံး ဘလော့မှာ ပုံတင်လို့မရလို့ ဟိုလုပ်ဒီလုပ်နဲ့ အလုပ်လေး နဲနဲများသွားခဲ့ပါတယ် ဘာချက်ရင်ကောင်းမလဲ စဉ်းစားပြီး နောက်ဆုံးတော့ မကျီးရွက်နုပေါင်းလေးဘဲ သုပ်စားဖြစ်ခဲ့ပါတယ် ။

အိမ်မှာစိုက်ထားတဲ့ ဗူးညွန့်လေးကို ဆင်းခူးပြီး ဟင်းခါးလေး တစ်ပန်းကန် ချက်လိုက်ပါတယ် ထမင်းမိန်စေတဲ့ အသုပ်လေးမို့ အသားမနှစ်သက်တဲ့ မာမာတို့တွေအတွက် မြိန်ရာဟင်းကောင်းလေး ဖြစ်ခဲ့ပါတယ်။ လတ်လတ်ဆတ်ဆတ် ဗူးရွက်ဟင်းခါးလေးကလဲ ချိုမှချိုမို့လို့ နှစ်သက်စရာ အရည်သောက်လေးနဲ့ လိုက်ဖက်လွန်းတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းရွက်နုပေါင်း - ထမင်းစားဇွန်း ခြောက်ဇွန်းစာ
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ပုဇွန်ခြောက်မှုန့်  - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ


  • မန်ကျည်းရွက်နုပေါင်းနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး ခပ်ဖွဖွ ရောနယ်ပေးပါ
  • မန်ကျည်းရွက်နုပေါင်းထဲမှာ အငံပါတဲ့အတွက် အငံအရသာ မထည့်ဘဲ သုပ်ပေးပါ
  • အရသာ နယ်ပေးပြီးတာနဲ့ လိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

13 comments:

  1. မကျီးရွက်နုပေါင်းသုပ်လေးရော ဗူးရွက်ဟင်းချိုရော အကုန်စားသွားတယ် မမမာ

    ReplyDelete
    Replies
    1. စားပါနော် အားမနာပါနဲ့

      Delete
  2. အစ်မဆီက မန်ကျည်းရွက်နူပေါင်းသုတ် ဖတ်ပြီးကတည်းက ကျွန်မလဲ မြန်မာပြည်ကို မှာထားတယ်..
    အစ်မလိုလဲ သုတ်စားတယ်.. မန်ကျည်းရွက်ချဉ်ရေလဲ ချက်သောက်တယ်..
    အစ်မရဲ့ မန်ကျည်းရွက်နူပေါင်းသုတ်နဲ့ ဟင်းခါလေး အားပေးသွားပါတယ်.. ^__^

    ReplyDelete
    Replies
    1. ထမင်းအရမ်းမိန်လို့ အစ်မတော့အရမ်းကြိုက်တယ်

      Delete
  3. အရမ်းကြိုက်တယ် မမမာ

    ReplyDelete
  4. Wow ! That's my favorite ! Yummy !

    ReplyDelete
    Replies
    1. အရမ်းကောင်းတဲ့အသုပ်လေးမို့ အစ်မလဲကြိုက်တယ်

      Delete
  5. အသုပ်တွေ ကြိုက်တယ် မမမာ
    အသုပ်က ထမင်းမိန်လို့လေး)
    မကျီးရွက်နုပေါင်းသုပ်လေး နဲ့ ဗူးရွက်ဟင်းခါးလေး အားပေးသွားပါတယ် မမမာ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အားပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် မိုးစက်ဝိုင်ရေ

      Delete
  6. တီမာ အာလူးအစပ်ကြော်နည်းရေးပါဗျို့ 

    ReplyDelete
    Replies
    1. ဗစ်ရေ ဗစ်ဆီမှာလာရေးပေးမယ်နော်

      Delete
  7. မမာမာရေ ဒီနေ့မန်ကျည်းရွက်နုလေး သုတ်စား မလိှု့ဆီချက်မထည့်ရဘူးလားလို့

    ReplyDelete