Thursday, 12 July 2018

ကြက်သား ဒံပေါက်

ကြက်သားဒံပေါက်

လေးညှင်း ဖာလာ သစ်ဂျပိုးခေါက် ကရဝေးရွက်
နာနတ်ပွင့် ဇီယာစေ့နှင့် နံနံစေ့  

ကြက်သွန်နီထောင်း ချင်းထောင်း ကြက်သွန်ဖြူ
ထောင်း နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့် 
ဆား ပူစီနံ နံနံပင် ငရုတ်သီးစိမ်း ကြက်သွန်နီ
ဆီချက်


ဒိန်ချဉ် သံပုရာရည် ဆီ

ပါဝင်ပစ္စည်းအားလုံး ရောနယ်ပေးပါ

  အရသာဝင်အောင် နယ်ပေးပါ

  အရသာ နယ်ထားသော ကြက်သားဇလုံကို
cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ
မခဲတဲ့ အကန့်ထဲမှာ တညသိပ် နှပ်ထားပေးပါ

  နောက်နေ့မနက်မှာ ဟင်းချက်ရန် အဆင်သင့်
ရပါပြီ။

ဟင်းတစ်ဝက်ကျက်အောင် ချက်ထားပေးပါ

 basmati ဆန်

  ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ

ghee  ထောပါတ်

ထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ

  ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ

  ရေဆူတာနဲ့ ဆန်ထည့်ပြီး ထမင်းတစ်ဝက်
ကျက်အောင် တည်ပေးပါ

  ထမင်းတစ်ဝက် ကျက်တာနဲ့ ရေစစ်ထားပါ

food colouring

  ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ

တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သား









ထမင်းအပေါ်မှာ ထောပါတ်တုံးလေးများ တင်ပေးပါ

  





  

  



  




သမီးငယ်လေး ကျောင်းပိတ်ချိန် အိမ်ခနပြန်လာတုန်း သူစားချင်တာလေးတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ချက်ကျွေးတဲ့ အထဲက ဒီနေ့တော့ ကြက်သားဒံပေါက် ချက်ကျွေးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ဒံပေါက်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၆ပွဲစာအတွက်)
ကြက်သွန်နီကြော်ရန်
  1. ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် နှစ်ခွက်
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံးခွဲကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
  5. ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  6. ကြက်သွန်များ ရွှေဝါရောင် သန်းလာအောင် ကြော်ပေးကာ ဆယ်ပြီးဆီစစ်ထားပါ
(ကြက်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
  1. ကြက်ပေါင်သား - တစ်ကီလို
  2. ကြက်သွန်နီကြော် - ထမင်းစားဇွန်း သုံးဇွန်းခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4. ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. ကရဝေးရွက် - လေးရွက်
  6. ဖာလာစေ့ - ၄စေ့
  7. လေးညှင်း - ၄ပွင့်
  8. နာနတ်ပွင့် - သုံးခု
  9. နံနံစေ့ - အစေ့နှစ်ဆယ်ခန့်
  10. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
  11. သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
  12. နံနံပင် လှီးပြီးသား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  13. ပူစီနံ လှီးပြီးသား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  14. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  15. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
  16. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
  17. ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  18. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
  19. ကြက်သားကို ရေဆေးကာ ဇလုံတစ်လုံးထဲမှာထည့်ပြီး ပါဝင်ပစ္စည်း အားလုံးထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  20. ပြီးတာနဲ့ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
  21. နောက်နေ့မနက်မှာ အရသာ နယ်ထားသော ကြက်သားကို အိုးတစ်လုံးထဲမှာ ထည့်ပေးပါ
  22. ပြီးတာနဲ့ ဇလုံမှာ ကပ်နေသော အရသာ အနှစ်များကို ရေအနည်းငယ်နှင့် ကျင်းပေးကာ ကြက်သားအိုးထဲကို ထည့်ပေးပါ
  23. ကြက်သားအိုးကို အဖုံးအုပ်ပေးပြီး အိုးမကပ်စေရန် မီးအနေတော်နဲ့  တစ်ဝက်နီးပါး ကျက်အောင် ချက်ထားပေးပါ
  24. ကြက်သားဟင်း ချက်ထားစဉ် အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်လှုပ်ပေးပါ
  25. ဟင်းအိုးထဲမှ ရေမခမ်းခင် ကြက်သားများ တစ်ဝက်ကျက်လောက်တာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှ ဖယ်ထားပေးပါ။
(ဒံပေါက်ထမင်း ၆ပွဲစာ ချက်ရန် လိုအပ်သော ပစ္စည်းများ)
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး
  2. ရေ - လေးလီတာ
  3. ghee ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ကရဝေးရွက် - လေးရွက်
  5. ဖာလာစေ့ - လေးစေ့
  6. လေးညှင်း - ခြောက်ပွင့်
  7. ငရုတ်ကောင်း - ခြောက်စေ့
  8. ဆား - လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း

(ထမင်းချက်ရန် ပြင်ဆင်ပုံ)
  • ဆန်ကို ရေသုံးခါလောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
  •  ရေ ပွက်ပွက် ဆူလာတာနဲ့ ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
  • ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  • ဆန်တစ်၀က်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ)
  1. ရေစစ်ထားသော တစ်၀က်ကျက်ထားသည့် ထမင်း
  2. တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သား
  3. စပျစ်သီးခြောက် - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  4. နံနံပင် လှီးပြီးသား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  5. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း သုံးဇွန်း
  6. food coloring (Yellow) - လေးငါးစက်ခန့်
  7. အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း လေးဇွန်း
  8. နွားနို့ - ထမင်းစားဇွန်း လေးဇွန်း
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ထောပါတ်ခဲ - ငါးဆယ်ဂရမ်
  11. ဒယ်အိုးအပြားအဟောင်း - တစ်လုံး
(ပြင်ဆင်ပုံ)
  • အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမွာ တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သားကို ဖြန့်ထည့်ပါ
  • ပြီးလျှင် ထိုဟင်းပေါ်မှာ တစ်၀က်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ ဖြန့်ပြီးထည့်ပေးပါ 
  • ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
  • ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်း  စပျစ်သီးခြောက်နှင့် နံနံပင်တို့ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  • Food coloring ကို ရေ ထမင်းစားဇွန်း လေးဇွန်းနှင့် ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
  • ထောပါတ်တုံးကို လေးတုံးရအောင် လှီးပေးကာ ထမင်းအပေါ်မှာ တင်ပေးပါ
  • ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
  • ဒယ်ပြားအဟောင်းကို အားပြင်းပြင်းနဲ့ အပူပေးထားပါ
  • အိုးပူလာတာနဲ့ ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
  • ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ကြက်သားဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
ထမင်းပွဲပြင်ဆင်ပုံ
  • ဒံပေါက်ထမင်းကို ဇောက်တစ်ခြမ်း ခူးပေးပြီး ကြက်သားများကို အပေါ်ကို ဆယ်ယူပြီး တင်ထားပါ
  • ပြီးတာနဲ့ ဒံပေါက်ထမင်းများကို အရသာ သမသွားအောင် အထက်အောက် ခပ်ဖွဖွလေး လှန်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် အနည်းငယ် ခပ်ဖွဖွလေး မွှေပေးပြီးမှ ထမင်းပြင်မည့် ပန်းကန်ထဲကို မိမိလိုသလောက် ဒံပေါက်ထမင်းနှင့်ဟင်းကို မျှပြီးထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒံပေါက်ထမင်းကို သံပုယိုသီးသနပ် မုံလာဥနီ ပူစီနံ ဂေါ်ဖီ ငရုတ်သီးစိမ်းနှင့် ပဲနီလေး ဟင်းချိုတို့ ထည့်ပေးကာ စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Sunday, 8 July 2018

Banana Milk Shake




ဒီနေ့တော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေကို ဒီအတိုင်း စားရတာထက် ဖျော်ရည်လေးတွေ ပြုပြင်ကာ သုံးဆောင်နိူင်ဖို့အတွက် လွယ်ကူမြန်ဆန် banana milk shake လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ငှက်ပျောသီးမှည့် - တစ်လုံး
သကြား - ထမင်းစားဇွန်း တဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ )
ရေခဲ - 1 cup
ကျိုပြီးအအေးခံထားသော နွားနို့ - 1 cup
ရေသန့် - အနည်းငယ်

ပြင်ဆင်ပုံ
ငှက်ပျောသီးကို အခွံခွာပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပေးပါ
ရေခဲ နို့ ရေသန့်နှင့် သကြားတို့ကို ပြင်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများကို ဗလင်ဒါထဲထည့်ပြီး ငှက်ပျောသီးနှင့် ရေခဲများကျေအောင် ကြိတ်ပေးပါ
ငှက်ပျောသီးနှင့် ရေခဲများကျေတာနဲ့ banana milk shake မွှေးမွှေးအေးအေးလေးကို သုံးဆောင်နိူင်ပါပြီ။

Friday, 6 July 2018

Orange juce







အသီးအရွက်ဖျော်ရည်လေးတွေ လတ်လတ်ဆတ်ဆတ်ဖျော်ပြီး သောက်ချင်စိတ်ပေါ်တိုင်း အိမ်မှာဘဲ ဖျော်သောက်ရတာကို ပိုပြီးနှစ်သက်မိပါတယ် ဒါကြောင့်မို့ ဒီနေ့တော လွယ်ကူမြန်Orange juce ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

လိမော်သီး - ခပ်ကြီးကြီး နှစ်လုံး
သကြား - ထမင်းစားဇွန်း တစ်ဇွန်း
ရေ - 1 cup
ရေခဲတုန်း - 1 cup
ဘလင်ဒါ

ပြင်ဆင်ပုံ
လိမော်သီးကို အခွံခွာပြီး ဘေးဘက်မှာ ကပ်နေသော အဖြူအဖတ်လေးများ စင်အောင် ခွာပေးပါ
အသားထဲမှ အစေ့များထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
သကြား ရေနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း ရေ သကြားနှင့် လိမော်သီးတို့ကို ဘလင်ဒါထဲ ထည့်ပေးပါ
အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
ပြီးတာနဲ့ သန့်ရှင်းလတ်ဆတ်သော Orange juice ကို မိမိနှစ်သက်သော ဖန်ခွက်ထဲ ထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သောက်သုံးနိူင်ပါပြီ။ 

Thursday, 5 July 2018

ပင်မှည့်ဖျော်ရည် ချိုချဉ်လေး




ဒီနေ့တော့ အသီးတွေအကြောင်း လေ့လာရင်းက ပင်မှည့်သီးလေးတွေရဲ့  ကောင်းကျိုးတွေကို ဖတ်မိတဲ့အတွက် ပြန်လည်မျှဝေကာ ပင်မှည့်ဖျော်ရည် ဖျော်နည်းနဲ့ ဂျာနယ်များထဲမှ ဖတ်မိသမျှ ဗဟုသုတများကို ပြန်လည်စုစည်းကာ မျှဝေလိုက်ပါတယ်။

မှားယွင်းသော အချက်အလက်များ ပါခဲ့ပါက ပြင်ဆင်ပြီး ဖြည့်စွက် ကြံ​ပေးနိုင်သလို လေ့လာဖတ်ရှု့ခွင့် ရခဲ့သော ကျန်းမာရေး စာဆောင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားအပ်ပါတယ်။

ပင်မှည့်သီးမှာ အမျှင်ဓာတ် ဗီတာမင် (A, C, B2, B3, B6)  သတ္တုဓာတ် anti-oxidants မြောက်များစွာ ပါဝင်ပြီး ရေဓာတ်များစွာလဲ ပါဝင်ပါတယ်။
အမျှင်ဓာတ်က အစာခြေဖျက်မှု စနစ်ကို အထောက်အပံ့ ဖြစ်စေပြီး ဝိတ်ချဖို့အတွက် တဖက်တလမ်းက အထောက်အကူ ဖြစ်စေပါတယ် သွေးအတွင်း ဂလူးကို့စ် ဝင်ရောက်မှုကို နှေးကွေးစေသလို ကိုလက်စတရော ပမာဏကိုလည်း လျော့ချပေးကာ ကင်ဆာဖြစ်စေသော အဆိပ်အတောက် (toxic substances) များကိုလည်း လျော့ကျစေပါတယ်။
ဗီတာမင် ဓာတ်များထဲမှ A, C, B2, B3, B6 ဓာတ်များ ပါဝင်ပြီး အထူးသဖြင့် ဗီတာမင် စီ နှင့် အေ ကြွယ်ဝစွာ ပါဝင်ကြကာ ဗီတာမင်စီက ခန္ဓာကိုယ်အတွင်း တုပ်ကွေးကဲ့သို့သော ရောဂါပိုးများ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပြီး ဗီတာမင်အေမှာ မျက်စိ အရည်ပြား သွား နှင့် အရိုး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ ဓါတ်များစွာ ပါဝင်ပါတယ်။
ပင်မှည့်သီးတွင် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသည့် သံဓာတ် magnesium, phosphorus , copper  အစရှိတဲ့ သတ္တုဓာတ် များစွာလည်း ပါဝင်ပါသေးတယ်။

ပင်မှည့်သီးမှာ ပါဝင်သည့် သတ္တုဓာတ်များက ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် အက်ဆစ်ဓာတ်ကို ထိန်းညှိပေးသည့်အပြင် သွေးဖိအားကိုလည်း ပုံမှန်အတိုင်း လည်ပတ်စေနိုင်သည့်အတွက် နှလုံးကျန်းမာရေးကိုလဲ အထောက်အကူ ဖြစ်စေပြီး အလှအပအတွက်နှင့် ကျန်းမာရေး အတွက်လဲ ကောင်းမွန်စေပါတယ်။

ခရမ်းရောင် ပင်မှည့်သီး အနှစ်နဲ့ ပင်မှည့်သီး အစေ့တွေဟာ အဆစ်အမြစ်ရောင် ရောဂါရှိသူများနဲ့ ဂေါက်ရောဂါဝေဒနာရှင်များကို သက်သာအောင် ကူညီပေးနိုင်သလို ပင်မှည့်စေ့ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပြီး ပင်မှည့်ဖျော်ရည်ကို တစ်နေ့ တစ်ခွက်ခန့် ပုံမှန် သောက်သုံးပေးခြင်းအားဖြင့်​ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေနိုင်ပါတယ်။

ပင်မှည့်သီးများမှာ အမျှင်ဓာတ်များစွာ ပါဝင်ကြတဲ့အတွက် အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းနဲ့ ဝမ်းတွင်းကလီစာများကိုလည်း သန့်ရှင်းစင်ကြယ်အောင် လုပ်ဆောင်နိုင်သလို သဘာဝ ဝမ်းနုတ်ဆေး အဖြစ်လဲ စားသုံးနိုင်ကာ ပန်းနာရင်ကြပ် ဝေဒနာရှင်များနှင့်​လည်း သင့်​တင့်​တဲ့အတွက်​ စားသုံးနိုင်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်မှည့်သီး - ငါးလုံး
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေခဲ - လက်နှစ်လုံးပါတ်​လည်​အရွယ် ၁၀ခဲ
  4. ရေသန့် - ဖန်ခွက် တစ်လုံးစာ
ပြင်ဆင်ပုံ
  • ပင်မှည့်သီးကို ရေစင်အောင် ဆေးပေးပြီး ထိပ်ဖက်မှ အနည်းငယ် ဖွင့်ပေးထားပါ
  • ပြီးတာနဲ့ အသီးထဲမှ အနှစ်များနှင့် အစေ့လေးများကို ဇွန်းနဲ့ခပ်ထုတ်ပေးပါ
  • ပင်မှည့်သီးအနှစ်နှင့် အစေ့များကို ဇလုံထဲထည့်ပြီး သကြား ရေခဲတို့ကို ရောပေးပြီး သမအောင် ဇွန်းနှင့်ဖျော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သော ဖန်ခွက်ထဲ ပြောင်းထည့်ကာ ပင်မှည့်သီးဖျော်ရည် ချိုချဉ်အေးအေး မွှေးမွှေးလေးကို သောက်နိုင်ပါပြီ။

Tuesday, 3 July 2018

ကြက်တောင်ပံကြော်







ဒီတစ်ခါတော့ ရာသီဥတု အေးစိမ့်စိမ့်လေးမှာ ထိုင်းကြက်တောင်ပံကြော် စပါးလင်နံ့ ငရုတ်သီးနံ့ စပ်စပ်မွှေးမွှေးလေး ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်တောင်ပံ အရင်းပိုင်း - 500 g
  2. ငရုတ်သီးစိမ်း အစပ်တောင့် အနီရောင် - နှစ်တောင့်
  3. စပါးလင်အရင်းပိုင်း - နှစ်လက်မခန့် သုံးချောင်း
  4. ခရုဆီ - ထမင်းစားဇွန်း သုံးဇွန်း
  5. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - လိုသလောက်


အချဉ်အတွက် ပြင်ဆင်ရန်
  1. Rice vinegar - ထမင်းစားဇွန်း ခြောက်ဇွန်း
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  4. ငရုတ်သီးစိမ်း အစိမ်းရောင် - သုံးတောင့် (ပါးပါးလှီးထားပါ)
  5. နံနံပင် - အနည်းငယ် ( အနေတော် လှီးထားပါ)
  6. ပန်းကန်တစ်လုံးထဲမှာ အားလုံထည့်ပြီး ရောမွှေပေးပါ

ကြက်သားပြင်ဆင်ပုံ
  1. ကြက်တောင်ပံ အရင်းပိုင်းကို ရေဆေးပေးပါ
  2. ရေခြောက်အောင် ရေခနစစ်ထားပါ
  3. ပြီးတာနဲ့ ပုံပါအတိုင်း အဆစ်နေရာ အောက်ဖက်မှ ပါတ်ပါတ်လည်ကို လှီးပေးပါ
  4. လှီးထားသော နေရာမှ အောင်ဖက်သို့ တွန်းချလို့ရသလောက် တွန်းချပေးပါ
  5. စပါးလင်ကို ခပ်ရိတ်ရိတ်လှီးပြီး ညက်နေအောင် ထောင်းပေးပါ
  6. ငရုတ်သီးစိမ်းကို အညှာခြွေပြီး ညက်အောင် ထောင်းပေးပါ
  7. ခရုဆီ ဆား သကြားတို့ကို ပြင်ထားပါ
  8. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံထဲမှာ ကြက်သား စပါးလင် ငရုတ်သီးစိမ်း ခရုဆီ ဆား သကြားတို့ကိုထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  9. အရသာနယ်ပြီးတာနဲ့ cling wrap အုပ်ပေးကာ ရေခဲသေတာထဲမှာ ၁၅မိနစ်လောက် နှပ်ထားပေးပါ
  10. အရသာ နှပ်ပြီးတာနဲ့ ဆီကိုအိုးထဲထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ မီးကိုအနေတော်သို့ လျှေ့ပေးပြီးမှ အရသာနယ်ထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  12. သကြားနှင့် ခရုဆီပါတဲ့အတွက် အပြင်ဖက်မှာ အရောင်ပြောင်းလွယ်ပြီး အထဲမှာ မကျက်ဘဲ နေတတ်တဲ့အတွက် မီးကိုသတိထားပြီး လျှော့ပေးပါ
  13. ကြက်သားတစ်တုံးလုံး အညိုရောင် သန်းလာပြီဆိုရင် ဆယ်ပြီးဆီစစ်ပေးပါ
  14. ဆီစစ်သွားပြီ ဆိုရင်တော့ အရသာ စပ်ထားသော အချဉ်နှင့် တို့စားလို့ ရပြီဖြစ်တဲ့ ထိုင်းကြက်တောင်ပံကြော် စပ်စပ် မွှေးမွှေးလေး ရပါပြီ။

Monday, 2 July 2018

စတော်ဘယ်ရီမစ်ရှိတ်







အိမ်အပြင်မှာ ရာသီဥတုက အံ့မခမ်းအောင် ချမ်းနေပေမဲ့ အိမ်အပြင် မြက်ခင်းပေါ်က ရေခဲတုံးတွေတွေ့တော့ အသီးအရွက် အေးအေးလေးတွေ စားချင်လာခဲ့မိတယ်။

ဒါကြောင့်မို့ အခုရက်ထဲ ခပ်အေးအေး ဖျော်ရည်လေးတွေ လုပ်စားဖြစ်တဲ့အထဲက ဒီနေ့တော့ စတော်ဘယ်ရီမစ်ရှိတ် ဖျော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. စတော်ဘယ်ရီသီး - ၁၁လုံးခန့်
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. အုန်းနို့ - 1/2 cup
  4. ရေခဲတုန်း - 1 cup
  5. ရေ - 1/2 cup
  6. ဘလင်ဒါ

ပြင်ဆင်ပုံ
  1. စတော်ဘယ်ရီသီးကို ရေဆေးပြီး အညှာဖယ်ပေးကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  2. သကြား ရေ အုန်းနို့နှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
  3. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း ရေ အုန်းနို့ သကြားနှင့် စတော်ဘယ်ရီသီးတို့ကို ဘလင်ဒါထဲထည့်ပေးပါ
  4. အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
  5. ပြီးတာနဲ့ စတော်ဘယ်ရီမစ်ရှိတ် ချိုအေးမွှေးလေးကို မိမိနှစ်သက်သော ဖန်ခွက်ထဲထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိုင်ပါပြီ။
  6. စတော်ဘယ်ရီသီး အချဉ်စူးပြီး အချိုကြိုက်ပါက သကြားကို ပိုထည့်ပေးပါ။