မာမာ ဒီနေ့တော့ သတ်သတ်လွတ် စားဖို့အတွက် အာလူးပြုပ်ကြော်လေး ကြော်ဖြစ်ပါတယ် သတ်သတ်လွတ် စားတဲ့နေ့တိုင်း တနေ့တမျိုး မရိုးရအောင် ဟင်းလေးတမယ်တော့ ရအောင်ချက်တတ်ပါတယ်။
အာလူးကြော်လို့ပိုတဲ့ ဆီမွှေးမွှေးလေးနဲ့ ထမင်းပူပူကို ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ကလေးလူကြီး အားလုံး နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- အနေတော် နူးအောင်ပြုပ်ထားသောအာလူး - 500g
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တလုံး
ပြင်ဆင်ပုံ
- အနေတော် နူးအောင်ပြုပ်ထားသော အာလူးကိုအခွံခွာပြီး ၈စိတ် စိတ်ပေးပါ
- အာလူးကို မိုက်ခရိုဝေ့နဲ့ ပြုပ်ပါက ၇မိနစ်လောက် ပြုပ်ပေးပါ
- ဇလုံကျယ်ကျယ် တစ်လုံးထဲ အာလူးများထည့်ပြီး ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- ဆီကိုမီးအပူပေးပါ ဆီပူလာပါက မီးကိုနဲနဲလောက် လျှော့ပေးပြီးမှ အာလူးအရသာနယ်ကို ထဲ့ပေးပါ
- တဖက်ကျက်ပါက နောက်တဖက်လှန်ပေးပြီး အားလုံးရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
- ပိုနေသော ဆီနဲ့ထမင်းကို ဆီဆမ်းနယ်ပြီး အာလူးကြော်လေးနဲ့ တွဲဖက်သုံးဆောင်ရန် အဆင်သင့်ရပါပြီ။
No comments:
Post a Comment