Saturday, 22 February 2025

ဘုံလုံသီးကြော်ချက်


ဒီနေ့တော့ ဘုံလုံသီးလေးတွေကို သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ကာ ထမင်းစားလို့ မြိန်စေတဲ့အတွက် သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းလေးလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ဘုံလုံသီး  - အနေတော် တတောင့်
  2. ပုဇွန် - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဘုံလုံသီးအပေါ်ဖက်မှ အဖြူရောင် အမှေးများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  • အမှေး များ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အတောင့်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးမှ မိမိနှစ်သက်သလိုပုံစံ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ပုဇွန်များကို ရေဆေးကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပုဇွန် ဘုံလုံသီး ဆား ဆီ အရသာမှုန့် နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပေးကာ အရသာ၀င်အောင် ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  • ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ဘုံလုံသီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲစာထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ဘုံလုံသီးများ နူးလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်ကဖယ်ထားပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment