ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့အတွက် ကြက်ဥ ထမင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
- ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ - နှစ်လုံး
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
- ဆန်ကို ရေသုံးခါလောက် ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
- ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြပ်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
- ကျန်ပါဝင် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကိုထည့်ပြီး နွမ်းသွားတဲ့ထိ ကြော်ပေးပါ
- ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပေးပါ
- ကြက်ဥထည့်ကြော်တာ နှစ်မိနစ်လောက် ရတာနဲ့ ထမင်းများကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး အရသာ သမအောင် ထည့်မွှေပေးပါ
- အားလုံး အရသာ သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ မွှေးပြီးစိမ့်နေတဲ့ ကြက်ဥ ထမင်းကြော်ကို စားသုံရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment