ဒီနေ့သတ်သတ်လွတ်နေ့နော်လို့ ပြောလိုက်တာနဲ့ ဒီအမေကလဲ အိမ်မှာရှိတဲ့ အသီးအရွက်က သူ့အတွက် စားစရာတွေ ဖြစ်လေသတည်းပါဘဲ။
ဒီနေ့တော့ မာမာလဲ သတ်သတ်လွတ် စားရလေအောင် သရက်သီးမှည့်ကို ခပ်စပ်စပ်လေး သုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သရက်သီးမှည့် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- သရက်သီးမှည့် - ခပ်ကြီးကြီး တစ်လုံး
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- ဆား - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- သရက်သီးမှည့်ကို အညှာဖက်မှလှီးပြီး ရေနိူင်နိူင်ဆေးကာ အစေးထုတ်ပေးပါ
- ပြီးတာနဲ့ အခွံခွာကာ ရေတခါ ထပ်ဆေးပေးပါ
- သရက်သီးကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးပါ
- ဆား သကြားနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ပေးကာ ဖွဖွလေး ရောနယ်ပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
- ထမင်းနှင့် စားနိူင်သလို ဒီအတိုင်း စားနိူင်တဲ့ ချိုချိုစပ်စပ်နဲ့ စားလို့အင်မတန်မှ ကောင်းလွန်းတဲ့ သရက်သီးသုပ်လေး ရပါပြီ။
No comments:
Post a Comment