ပါ၀င်ပစ္စည်းများ
- ဝက်အူပိတ် - 500 g
- ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (ဝက်အူဆေးရန်)
- ဗနီကာ - ထမင်းစားဇွန်း လေးဇွန်း (ဝက်အူဆေးရန်)
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ဝက်အူဆေးရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- နာနတ်ပွင့် - နှစ်ပွင့်
- လေးညှင်းပွင့် - နှစ်ပွင့်
- ငြုပ်ကောင်းမှူန့် - အနည်းငယ်
- ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
ဝက်အူဆေးနည်း
- ဝက်အူများကို ပဲအစိမ်းမှုန့်နှင့် နယ်ပေးပါ
- အထဲမှ မလိုအပ်သော အယိအရွဲများ ထွက်လာတဲ့အထိ နယ်ပေးပါ
- ပြီးတာနဲ့ ရေငါးထပ်လောက် ဆေးပေးပါ
- နောက်တကြိမ် အူများကို ပြောင်းပြန်လှန်ပေးကာ ဗနီကာနှင့် နယ်ပြီး ရေငါးထပ်လောက်နှင့် ရေစင်အောင် ဆေးကာရေစစ်ထားပါ
ဝက်အူပြုပ်ရန်
- ဝက်အူများ ရေစစ်သွားတာနဲ့ ဆား အရသာမှုန့် နှင့် နနွင်းမှုန့်ထည့်ကာ နယ်ပေးထားပါ
- နံနံပင် အမြှစ်များကို ရေဆေးကာ ရေစစ်ပြီး ဒါးပြားရိုက်ထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးကို ပူအောင်တည်ပြီး သကြားထမင်းစားဇွန်း တစ်ဇွန်းခန့်ကို ထည့်ပြီးလှော်ပေးပါ
- သကြားများ ပျော်သွားပြီး ညိုရောင်သန်းလာပါက ငြုပ်ကောင်းမှူန့် လေးညှင်း နာနတ်ပွင့် နှင့် ပဲငံပြာရည် ထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ အရသာ နယ်ထားတဲ့ ဝက်အူများကို ထည့်မွှေပေးပါ
- ဝက်အူများ မာတင်းလာပါက နံနံအမြစ်ကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ရေခမ်းပြီး ဝက်အူများ နူးလာတာနဲ့ မီးပိတ်ပေးကာ မိမိနှစ်သက်ရာ အချဥ်နှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
အချဉ်ရည် ပြုလုပ်ရန်
- မန်ကျည်းသီးမှည့်ကို ရေနဲ့ သုံးထပ်လောက် ဆေးပေးပြီး ရေဆွေးပူပူနှင့် စိမ်ထားပေးပါ
- ထန်းလျှက်ခဲ နှစ်ခဲခန့်ကို ရေစိမ်ထားသော မန်ကျည်းသီးမှည့်နှင့် ရောပေးကာ အနှစ်ရအောင် ပြုပ်ပေးပါ
- မန်ကျည်းသီးများ နူးလာပါက ဇကာနှင့် အနှစ်ရအောင် တိုက်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပါးပါးလေးတွေ လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးကာ ပါးပါးလးတွေ လှီးထားပါ
- ပြီးတာနဲ့ မန်ကျည်းအနှစ်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငါးငံပြာရည် အရသာမှုန့်တို့နဲ့ ရောပြီးဖျော်ပေးပါက အချည်ရည် ရပါပြီ။
မှတ်ချက်။ ။ မာမာကတော့ အချဥ်ရည်ကို အိမ်မှာရှိတဲ့ ကြက်ဖအချဥ့်နဲ့ဘဲ စားလိုက်ပါတယ်။
No comments:
Post a Comment