မာမာဒီနေ့တော့ ကြက်သားကို ပဲအစိမ်းမှုန့်နဲ့ ပြောင်းကော်မှုန့်ထည့်ကာ ဗယာကြော် သဘောမျိုးလေး ကြော်ဖြစ်ပါတယ် ပဲအစိမ်းမှုန့်တွေ ဝယ်ထားတာ ရှိလေတော့ ဗယာကြော်လိုမျိုး ကြော်စားကြည့်ရင် ကောင်းမှာဘဲဆိုပြီး စမ်းသပ်ပြီး ကြော်ဖြစ်ခဲ့ပါတယ်။
မထင်မှတ်ဘဲ စားလို့အရမ်းကောင်းပြီး ပဲကိုရေစိမ်ရ ကြိတ်ရ ထောင်းရတာတွေ အရမ်းကို အချိန်ကုန် သ က်သာစေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲစိမ်းမှုန့်နဲ့ ဗယာကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 200 g
- ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ - အနေတော် နှစ်လုံးခွဲ
- ကြက်သွန်မိတ် - နှစ်ပင် (ပျဉ်းတော်သိမ်းရွက် ရှမ်းနံနံ ပူစီနမ် နံနံပင်တို့နဲ့ အစားထိုးကြော်လို့ရပါတယ်)
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အရသာနယ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
- ဆီ - လိုသလောက် သုံးပေးပါ
- ငရုတ်သီး အခြောက်တောင့် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ညက်နေအောင် စင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ စင်းထားသောကြက်သား ပြောင်းကော်မှုန့် ပဲအစိမ်းမှုန့် ကြက်သွန်နီ ရှမ်းနံနံ ဆား ဆီ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ပြီး ရေကို နည်းနည်းချင်းထည့်ကာ အရသာ သမအောင် မွှေပေးပါ
- ရေကို နည်းနည်းချင်း ထည့်နယ်ပေးပြီး လိုတိုး ပိုလျှော့ လုပ်ပေးပါ
- အရသာ သမသွားတာနဲ့ ပဲများပွလာစေရန် နာရီဝက်လောက် နှပ်ထားပါ
- ပဲနှပ်ထားချိန် ပြည့်တာနဲ့ အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အရသာ နှပ်ထားသော ပဲအနှစ်များကို ထမင်းစားဇွန်းအရှည်နှင့် တစ်ဇွန်းစာခပ်ကာ ဆီအိုးထဲကို ထည့်ပေးပါ
- ပဲအနှစ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
- ကြက်သားဗယာကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်မွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ကျန်နေသော ပဲအနှစ်များကို အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးပြီး ဆီစစ်ထားပါ
- အားလုံးကြော်ပြီးတာနဲ့ အိုးထဲမှ ဗယာကြော် ကြော်ထားသော ဆီများကို အကုန်နီးပါး ပန်းကန်တစ်ခုထဲကို ပြောင်းပြီး ထည့်ပေးထားပါ
- အိုးမှာကပ်နေသော ဆီကျန်လေးထဲကို ငရုတ်သီးတောင့်များ ထည့်ပေးပြီး မီးနွေးနွေးလေးနဲ့ လှော်ပေးပါ
- ငရုတ်သီးတောင့်များ ညိုရောင်လေး သန်းလာပြီး ကြွတ်ရွလာပြီဆိုတာနဲ့ မီးဖိုပေါ်က ဖယ်ပေးပါ
- ပြီးတာနဲ့ ပဲစိမ်းမှုန့် ဗယာကြော်မွှေးမွှေး ကြွတ်ကြွတ်လေးကို ငရုတ်သီးတောင့်ကြော်လေးနှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment