ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် အရင်ရက်က ဝက်နားရွက်ကို အစိမ့်သုပ်တဲ့ အသုပ် သုပ်နည်း တစ်နည်းကို တင်ပေးထားပါတယ်။
ဒီနေ့ကတော့ အရမ်းစပ်ပြီး စားလို့ပိုကောင်းကာ အရသာ ပြည့်စုံလွန်းတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို အရမ်းသပ်တဲ့ ငရုတ်ဆီနဲ့ သုပ်ထားပါတယ်။
စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို ထပ်မံပြီး မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်နားရွက် -
- ဗီနီကာ -
- ဆား -
- ချင်း -
ဝက်နားရွက်ပြုပ်ပုံ
- ဝက်နားရွက်ကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗနီကာတို့ထည့်ကာ နယ်ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
- ပြီးတာနဲ့ အိုးထဲမှာ ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
- ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်နားရွက်များကို ထည့်ပြုပ်ပေးပါ
- ဝက်နားရွက်များ နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
- ဝက်နားရွက်
- အရသာမှုန့်
- ငါးငံပြာရည်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုတ်သီး အလှော်မှုန့်
- သခွားသီး
- နံနံပင်
- သံပုရာသီး
- ငရုတ်သီးစိမ်း
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
- ရေစစ်ထားသော ဝက်နားရွက်များကို မထူမပါးလေးတွေ လှီးထားပါ
- ငရုတ်သီး အလှော်မှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ငရုတ်သီး အလှော်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
- အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်ခေါင်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment