ဒီနေ့တော့ အမည်းသားလေးတွေ ကင်စားမယ်ဆိုပြီး ဝယ်လာပေမဲ့ အိမ်ရောက်တော့ ဒိန်ချဉ်လေးလဲ အဆင်သင့် ရှိနေတာနဲ့ အမည်းနှပ်လေး နှပ်ဖြစ်ပါတယ်။
ကင်စားတဲ့ အသားဖြစ်တဲ့အတွက် နှပ်လိုက်တဲ့အခါမှာ အတုံးသိပ်မလှပေမဲ့ စားလို့တော့ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးအတိုင်း ချက်စားနိူင်အောင် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အမည်းသား - 500 g
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
- ချင်း - ထမင်းစားဇွန်း တစ်ဇွန်းစာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- လေးညှင်း - နှစ်ပွင့်
- ဖာလာ - နှစ်စေ့
- သစ်ဂျပိုးခေါက် - တစ်လက်မခန့်
- ကရဝေးရွက် - သုံးရွက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
- ဒိန်ချဉ် - ထမင်းစားဇွန်းမောက်မောက် လေးဇွန်း
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
ပြင်ဆင်ပုံ
- အမည်းသားကို ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးထားပါ
- တုံးထားသော အမည်းသားကို ဒိန်ချဉ် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်၀က် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ကြက်သွန်နီ တစ်လုံးကို အခွံခွာ အလုံးလိုက် ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- နောက်ထပ် ကျန်သော ကြက်သွန်နီ တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ထက်ခြမ်းခြမ်းပြီး အစိတ်လေးများ လှီးထားပါ
- ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- နောက်ထပ်ကျန်သော ကြက်သွန်ဖြူ လေးမွှာကို အခွံခွာပြီး ရေဆေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး လှီးထားပါ
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေအနေတော်ထည့်ကာ ရေစိမ်ထားပေးပါ
ဟင်းချက်ရန်
- အရသာ၀င်အောင် နှပ်ထားသော အမည်းသားကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
- ပထမ တစ်ရည်ခမ်းပါက နောက်တစ်ရည်ထပ်ထည့်ပြီး အမည်းသားများ နူးအိလာအောင် ပြုပ်ပေးပါ
- အမည်းသား နူးအိလာတာနဲ့ မီးပိတ်ထားပြီး ဟင်းချက်ရန် ပြင်ဆင်ပါ
- ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ ကြက်သွန်နီ သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ကရဝေးရွက် ချင်းနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ထားသော အမည်းသားပြုပ်ထားသော အိုးထဲကို ထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အစိတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူအမွှာ ဆားလက်ဖက်ရည်ဇွန်း တစ်၀က်နှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်ထည့်ပြီး တည်ပေးပါ
- ဟင်းအိုးတည်ထားသော ရေခမ်းကာနီးတာနဲ့ ရေစိမ်ထားသော မကျည်းသီးမှည့် အရည်ကိုထည့်ပြီး တည်ပေးပါ
- ရေဆူပြီး ဟင်းအနှစ် အနေတော် ရတာနဲ့ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမည်းသားနှပ်ဟင်း အိအိမွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment