အိမ်ပြောင်းကာစက အိမ်မှာ အင်တာနက်ကလဲ မရသေးတော့ ခပ်ပျင်းပျင်းရှိတာနဲ့ အချဉ်စပ်နည်းလေးတွေ သီးရွက်စုံ ဖျော်ရည်လုပ်နည်းလေးတွေကို ရက်တိုသင်တန်းလေး ဖွင့်တာနဲ့ သွားတက်ဖြစ်ခဲ့ပါတယ်။
ဒီနေ့တော့ ကြာဇံကြော်နဲ့ စားဖို့အတွက် ဗီယက်နမ်အချဉ်လေး လုပ်ဖြစ်လို့ အေးရှန်းခံတွင်းနဲ့ အကြိုက်တွေ့စေမဲ့ အချဉ်စပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
- မြေပဲဆီ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ငရုတ်သီးစိမ်း - နှစ်တောင့်
- သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်း
- brown sugar - လက်ဖက်ရည်ဇွန်း တဇွန်း
- ရေသန့် - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အနေတော် လှီးထားပါ
- ဇလုံတလုံးထဲမှာ ထောင်းထားသော မြေပဲဆီ ငရုတ်သီးစိမ်း ငါးငံပြာရည် သံပုရာရည် ရေသန့်သန့်နှင့် brown sugarတို့ကို ထည့်ထားပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပြီးရင် ရပါပြီ။
No comments:
Post a Comment