ရာသီဥတုက အေးလွန်းနေတော့ ပူပူလူလူလေးတွေဘဲ စားချင်နေမိတာကြောင့် ကြက်သားကင်လေးတွေ လုပ်စားဖြစ်ခဲ့ပါတယ် အဲဒီအတွက် ဒီနေ့တော့chicken satay ကင် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - မထူမပါး လှီးထားသော ကြက်သား ၈ခု
- ထောင်းထားသော ကြက်သွန်ဖြူ - ၂မွှာ
- ထောင်းထားသော နံနံပင်အမြစ် - ၈ခု
- ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီအသေး ၂ဥ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နံနံပင်အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
- ဗနီကာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အုန်းနို့ - ထမင်းစားဇွန်း လေးဇွန်း
- အသားကင်မည့် ဝါးချောင်း - ၈ခု
ပြင်ဆင်ပုံ
- လှီးထားသော ကြက်သားကို ပြင်ထားပါ
- ဇလုံတလုံးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ နံနံပင်အမြစ် ငရုတ်သီး အရောင်တင်မှုန့် ဆား သကြား နံနံပင်အခြောက် နံနွင်းမှုန့် ဆီ ဗနီကာနှင့် အုန်းနို့ ထမင်းစားဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ
- အရသာနယ်ထားသော ဇလုံထဲမှာ လှီးထားသော ကြက်သားကို အရသာ သမသွားအောင် ထည့်မွှေပေးပါ
- အရသာ နယ်ပြီးတာနဲ့ clean wrap နှင့် ဇလုံကို လုံအောင်ဖုံးပေးပါ
- ပြီးတာနဲ့ ထိုဇလုံကို ရေခဲသေတ္တာထဲမှာ ၁၂နာရီခန့်ထည့်ပြီး နှပ်ထားပါ
- အုန်းနို့ကိုလဲ ရေခဲသေတ္တထဲမှာ ထည့်ထားပါ
အသားကင်ရန် ပြင်ဆင်ပုံ
- အရင်ဆုံ ဝါးချောင်းလေးများကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့်စိမ်ထားပါ
- ရေစိမ်ထားသော ဝါးချောင်းတချောင်းစီမှာ အရသာနှပ်ထားသော ကြက်သားတခုစီကို ပုံပါအတိုင်း အတွန့်လေးများရအောင် ထိုးပေးပါ
- အုန်းနို့ကို ပြင်ထားပါ
- ကင်မည့်အိုးကို မီးအပူပေးပါ
- အိုးပူလာတာနဲ့ အသားချောင်းကို အုန်းနို့သုတ်ပေးပြီး အကင်အိုးပေါ် တင်ပေးပါ
- အသားကင် တူးကပ်မသွားစေရန် မကြာမကြာ တဖက်ဆီလှည့်ပေးပါ
- တခါလှည့်ပေးတိုင်း အုန်းနို့တခါ သုတ်ပေးပါ
- လေးမိနစ်လောက် ကင်ပေးပြီးပါက ကြက်သားကင် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment