ဒီနေ့တော့ ကြက်သားကို ချိုချိုချဉ်ချဉ် အရသာလေးနဲ့ စားလို့ကောင်းအောင် မလေးရှား ဟင်းချက်နည်းလေးနဲ့ brown sugar soy sauce နှင့် သံပုရာရည်တို့ထည့်ကာ ချက်ထားတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။
မာမာကတော့ ၂ယောက်စာဘဲ ချက်ပါတယ် အခုက ကြက်ပေါင် ၈ခုစာ ချက်ဖို့အတွက် အချိုးအစားလေးကို ရေးပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား - ၈ခု
- ကြက်သွန်နီ - အနေတော် တလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- brown sugar - ထမင်းစားဇွန်း တဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- Chicken stock - 1/2 cup
- Soy sauce - ထမင်းစားဇွန်း ၂ဇွန်း
- သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး အသားတဖက်စီကို ခပ်စောင်းစောင်း တချက်စီ မွှန်းပေးပါ
- ကြက်သားကို ဆား နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
- သံပုရာရည်ကို ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
- Soy sauce, chicken stock, brown sugar,ဆီ သံပုရည်တို့ကို ပြင်ထားပါ
ပြင်ဆင်ပုံ
- ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးမှုန့် အနှစ်ထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
- ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
- အိုးမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပါ
- ဆီသံလေး ကြားလာတာနဲ့ brown sugarနှင့် soy sauce ထည့်မွှေပေးကာ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
- ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါ
- ကြက်သားနှုးအိလာပြီဆိုတာနဲ့ သံပုရာရည်ကို ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်ရအောင် တည်ပေးပါ
- ဆီပြန်ပြီဆိုတာနဲ့ အရသာရှိသော ချိုချဉ်စပ်နေတဲ့ ကြက်သားပြန် ချဉ်စပ် မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment