Tuesday 9 July 2013

ချဉ်ငံစပ် မကျီးရွက်ပေါင်းကြော်

မကျီးရွက်ပေါင်းကြော်

မာမာဒီနေ့ထပ်ပြီး ကြော်ဖြစ်တဲ့ မကျီးရွက်ပေါင်းကြော်လေးပါ ငပိချက်လေးကုန်သွားတော့ ဒီနေ့တော့ခြောက် ခြောက်လေး ထပ်ကြော်ဖြစ်ပါတယ် ရာသီဥတုအေးတဲ့အချိန်မှာ ထမင်းမိန်စေတဲ့ ဟင်းလေးတစ်မယ် ဆိုရင်လဲမမှားပါဘူး မာမာကချဉ်ချဉ်ငံငံ စပ်စပ်စားတတ်တာမို့ ထမင်းမိန်အောင်လို့ အဆင်ပြေအောင်ရှာ ကြံပြီးချက်ရတာလဲ ဝါသနာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

မာမာ့ရဲ့ ထုံးစံအတိုင်း ကြိုက်ပြီဆိုရင် နှစ်ခါထပ်ထပ်ပြီး ချက်တာအကျင့်ဖြစ်လို့နေပါတယ် ဒီနေ့ကြော်တဲ့ အထဲမှာ အငံထပ်မထဲ့ထားပါဘူး မကျီးပေါင်းက အငံပါပြီးသားမို့ပါ ငပိချက် မဟုတ်ဘဲကြော်တာမို့ အငံရှော့ထားပါတယ်။
မကျီးပေါင်းကြော်လေး ကြော်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • မကျီးပေါင်း - လက်ဖက်ရည်ပန်းကန် တလုံးမောက်မောက်
  • မညက်တညက်ကျိတ်ထားသော ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန်လုံးတလုံး
  • ပါးပါးလှီးထားသော ကြက်သွန်နီ - ဥကြီးကြီး တဥ
  • ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - ထမင်းစားဇွန်းလေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း -နှစ်သက်သလောက်
ကြော်ဖို့ပြင်ပါမယ်
  • ဆီပူလာပါက နနွင်းမှုန့်အရင်ဆုံးထဲ့ပြီး ကြက်သွန်နီကို နွမ်းသွားအောင်ကြော်ပေးပါ
  • ကြက်သွန်နီနွမ်းသွားရင် ငရုတ်သီးမှုန့်ကို မွှေးလာအောင်ကြော်လိုက်ပါ
  • မကျီးရွက် ပုဇွန်ခြောက်မှုန့် အရသာမှုန့်တို့ ထဲ့ပြီးမွှေပေးပါ
  • ပြီးလျှင်ရေမြုပ်အောင်ထဲ့ပြီး ဆီပြန်တဲ့ထိကြော်လိုက်ပါ
  • ဆီပြန်သွားပါက ငရုတ်သီးစိမ်းထဲ့မွှေပေးပြီး မီးပိတ်ပေးပြီးရင် မကျီးရွက်ပေါင်းကြော်လေးရပါပြီ။

3 comments:

  1. မန်ကျည်းရွက်ပေါင်း ချဉ်ငံစပ်ပြီးတော့
    မန်ကျည်းရွက်ပေါင်းကြော် .. ဟီး စားချင်လိုက်တာ ..
    လုပ်စားဦးမယ် .. ^_^

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ဟင်းချက်နည်းတွေသင်ပေးတဲ့အတွက်

    ReplyDelete
  3. စားချင်လိုက်တာ ပုံလေးကြည့်ပြီးသရေကျနေတယ်

    ReplyDelete