ဒီနေ့ချက်ဖြစ်တဲ့ မန်ကျည်းရွက် ငါးပိချက်လေးပါ ရာသီဥတု အေးနေတာမို့ ချဉ်ချဉ်စပ်စပ်လေးတွေကို ခံတွင်းတွေ့နေမိပါတယ်
မန်ကျည်းရွက် လတ်လတ်ဆတ်ဆတ် မရှိလေတော့ မန်ကျည်းပေါင်းထုတ်လေးနဲ့ ချက်ထားပေမဲ့ ချဉ်ငံစပ်လေးမို့လို့ ထမင်းကတော့ အရမ်းကို မိန်စေမှာ အမှန်ပါဘဲ။
မန်ကျည်းပေါင်းက အငံပါပြီးသားမို့ မာမာက အငံလျော့ပြီး ချက်ထားသလို အရည်လေးဆမ်းပြီး စားချင်တာမို့လို့ အရည်စပ်ကျင်လေးးနဲ့ ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- မညက်တစ်ညက် ထောင်းထားသော ပုဇွန်ခြောက်မှုန့် လုံးခြမ်းခွဲ - လက်ဖက်ရည်ပန်းကန် တစ်လုံးစာ
- ပေါင်းပြီးသား မန်ကျည်းရွက် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
- ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
- ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းခွဲ
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်ထဲ့ပါ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ။
- ဆီပူလာတာနဲ့ ကြက်သွန်နီကို အရင်နွမ်းသွားအောင် ထဲ့ကြော်ပေးပါ။
- ကြက်သွန်နီ နွမ်းသွားပါက ငရုတ်သီးမှုန့်ကို မွှေးသွားအောင် ထဲ့ပြီးဆီသတ်ပေးပါ။
- ငရုတ်သီးနံ့လေး မွှေးသွားပါက မကျည်းပေါင်းကို ထဲ့မွှေပေးပါ။
- ပြီးတာနဲ့ ပုဇွန်ခြောက်မှုန့် ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထဲ့ပြီးမွှေပေးပါ။
- အားလုံးသမသွားပါက ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
- ပထမတစ်ရည် ခမ်းသွားပါက နောက်တစ်ရည် ထပ်ထဲ့ပြီး ဆူအောင်တည်ပေးပါ။
- ပြီးတာနဲ့ ငရုတ်သီးစိမ်းကို ထဲ့မွှေပေးပါ။
- ဟင်းအရည်များများနှင့် ကြိုက်ပါက ရေများများနဲ့ မီးပိတ်ပေးပါ။
- ဟင်းအရည်နဲနဲနှင့် ကြိုက်ပါက ရေနဲနဲချန်ပြီး ချက်ပေးပြီးရင် ရပါပြီ။
- ထမင်းမိန်စေတဲ့ မကျည်းပေါင်းငါးပိချက် ချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
|
အစ်မက အရမ်းချက်တတ်တယ်နော် ..
ReplyDeleteကျွန်မမှာ မန်ကျည်းရွက်ပေါင်းလေးရှိပေမဲ့ အဲလို ချက်ဖို့ idea မရဘူး ..
ကျေးဇူးအထူးအစ်မရေ .. ထမင်းမြိန်မှာ အသေအချာဘဲ .. ^_^
ငပိချက်လေးက စားချင်စရာ မမမာရေ..
ReplyDeleteကြည့်ရတာနဲ့တင် အတော်စားကောင်းမှာနော်း)
ချက်စားဦးမယ် အမရေ.
မိုးစက်ဝိုင်