ရာသီဥတုက ဆောင်းရာသီ ရောက်လာပြီမို့ ရာသီစာလေးတွေ နေ့တိုင်းလိုလို ချက်နေမိပါတယ် လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေနဲ့မို့လို့ ဆောင်းတွင်းရောက်တဲ့အခါ အသီးအရွက်ကြော်နဲ့ ထမင်းစားရတာသိပ်မြိန်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
- ကြက်သွန်နီ - တစ်လုံး
- ကြက်ဥ - တစ်လုံး
- ကြက်ရင်ပုံသား - ခပ်သေးသေး တစ်ခု
- ဘရော့ကိုလီ - ၅ခက်ခန့်
- မုန်လာဥနီ - အနည်းငယ်
- ဘေဘီပြောင်းဖူး - ငါးဖူး
- ဂေါ်ဖီ - တစ်စိတ်
- ကိုက်လန် - နှစ်ပင်
- ကြက်သွန်မိတ် - နှစ်ပင်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆား - အနည်းငယ်
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ဟင်းခပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - စားပွဲတင်ဇွန်းကြီး တစ်ဝက်သာသာ
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
ပြင်ဆင်ပုံ
- ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
- ကြက်သွန်နီကို ခပ်ကြီးကြီး အနေအထား တုံးထားပါ
- ဘရော့ကလီကို ရေဆေးပြီး အနေတော် လှီးထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အမြှောင်းလေးတွေ လှီးပေးပါ
- ကြက်သွန်မိတ်ကို လက်တစ်ဆစ်ခန့် လှီးထားပါ
- ကြက်သားကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
- ပြုပ်ထားသော ကြက်သားကို အနေတော် အသားတုံးလေးများရအောင် မွှပေးထားပါ
- ကြဥကို ခလောက်ထားပါ
- ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
- ပူလာပါက ကြက်သွန်နီနှင့် အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
- ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
- ကြက်ဥကျက်တာနဲ့ အသားမွှထားသော ကြက်သား ပဲကြာဇံထည့်ပြီး ငံပြာရည် ဆား ဟင်းခတ်မှုန့် ခရုဆီ ပဲငံပြာရည် တို့ထည့်ကာ သမအောင် မွှေပေးပါ
- အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ
- ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့နှမ်းဆီ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး အရသာနှံ့အောင် မွှေပေးကာ ထိုင်းစတိုင်လ် ပဲကြာဇံကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။
ရာသီစာ အစိမ်းကြော်လေး အားပေးသွားပါတယ်နော် .. ^_^
ReplyDelete