Monday 6 May 2024

ထောပါတ်သီးသုပ်

 




မာမာက အသားတွေ သိပ်မစားတော့ အသီးအရွက်နဲ့ ပဲမျိုးစုံကိုဘဲ အားထားရပါတယ် နောက်တစ်ခုက ဆီးချိုရှိတဲ့အတွက် အရမ်းချိုတဲ့ အသီးတွေနဲ့ ထမင်း တို့ကိုလဲ ဆင်ဆင်ချင်ချင် စားရပြန်ပါတယ်။
ဒါကြောင့်မိုလို့ ဒီတစ်ခါတော့ ထမင်းအစား ထောပါတ်သီးကို မြန်မာမှုပြုပြီး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ထောပါတ်သီး - တစ်လုံး
  2. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံးခန့်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. သံပုရာသီး - တစ်ခြမ်း
  5. ဆား - အနည်းငယ်
  6. ငါးငံပြာရည် - အနည်းငယ်
  7. ငရုတ်သီး အလှော်မှုန့် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • အရင်ဆုံး ထောပါတ်သီးကို အခွံခွါပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် မြည်းပေးပါ
  • ပြီးတာနဲ့ ထောပါတ်သီးသုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment