Monday 17 January 2022

CRISPY HERBED AND CUCUMBER BOWL

 


မာမာ ဒီနေ့တော့ ဆီးချိုသမားတွေ မနက်စာအတွက် လိုအပ်မဲ့ ကယ်လိုရီကို တွက်ချက်ကာ ပြင်ဆင်ဖြစ်တဲ့အတွက် မနက်စာလေးကို မျှ‌‌‌ဝေပေးသွားပါမယ်ရှင်။

မာမာကိုယ်တိုင်လဲ ဆီးချိုဖြစ်နေတာ ဆယ်နှစ်ကျော်လာခဲ့ပါပြီ ဆီးချိုဆေးတွေလဲ ပုံမှန်သောက်သလို အစားအသောက်ကိုလဲ အတတ်နိူင်ဆုံး ဆင်ဆင်ချင်ချင် စားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်

ပါ၀င်ပစ္စည်းများ

  1. Egg mayonnaise - ထမင်းစားဇွန်း တစ်ဇွန်း
  2. Lemon juice - ထမင်းစားဇွန်း တစ်ဇွန်း
  3. Free - range egg - နှစ်လုံး
  4. Small lebanese cucumbers - နှစ်လုံး
  5. Rye Cruskits - လေးချပ်
  6. Mint leaves - အနည်းငယ်
  7. Black  pepper - အနည်းငယ်
ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ရှစ်စိတ်စိတ်ထားပါ
  • သခွားသီးကို ရေဆေးပြီး ပုံပါအတိုင်း လှီးထားပါ
  • Rye cruskits ကို အနေတော်လေးတွေ ဖဲ့ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်လုံး တစ်လုံးထဲမှာ ေရာပြီးထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမအောင် နယ်ပေးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment