တိုင်းရေးပြည်ရာတွေ မသာယာ စိတ်တွေထဲလဲဲ မပျော်မွေ့လေတော့ ချက်ချင်ပြုပ်ချင်စိတ်တွေလဲ ကုန်ခမ်းနေတယ်လို့ ဆိုရမှာပါဘဲ ဒါပေမဲ့လဲ ကျန်းမာရေးအတွက် ချက်ရပြန်တာပါဘဲ။
ကြက်ရင်ပုံသားလေးတွေ ဝယ်ထားပြီး ဘာလုပ်စားရင် ကောင်းမလဲ တွေးနေရင်းက ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ မြိန်စေမဲ့ ကြက်သားအချိုကြော်လေး ကြော်ဖြစ်သွားပါတယ်။
ကြက်သားကို ကော်မှုန့်နဲ့ အရသာ နှပ်ပြီးမှ ကြော်ထားတဲ့အတွက် မာကြွတ်ကြွတ်လေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 150 g
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ရေ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ကြက်သားအရသာနယ်ရန်
- ပဲငံပြာရည်အကြည်
- နနွင်းမှုန့်
- အရသာမှုန့်
- ပြောင်းကော်မှုန့်
- ပဲငံပြာရည် အပျစ်
- ဆား
- နှမ်းဆီနှင့် ရေတို့ကို ဇလုံတစ်လုံးထဲမှာ ထည့်ဖျော်ထားပြီး ကြက်သားနှင့် ရောနယ်ထားပါ
ပြင်ဆင်ပုံ
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေလှီးကာ ရေစစ်ထားပါ
- ပြီးတာနဲ့ အရသာ စပ်ထားသော အရည်နှင့် နယ်ပေးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပေးကာ အပူပေးပါ
- ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို အရည်များ ချန်ထားပြီး ထဲ့ကြော်ပေးပါ
- ကြက်သားအသား မာလာတာနဲ့ ချန်ထားသော အရသာအရည်များ ထည့်ပေးကာ ရေခမ်းတဲ့အထိ တည်ပေးပါ
- အိုးထဲမွာ ရေခမ်းသွားပြီး ဆီပြန်ထွက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
- အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ အရသာ မြည်းပေးပါ
- ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ကြက်သားအချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment