Friday 1 February 2013

ကြက်သားအပျော့ကြော် မွှေးမွှေးလေး







မာမာဒီနေ့ကြော်ဖြစ်ခဲ့တဲ့ အကြော်လေးပါ ကြက်သွန်ကြော်နံ့ မွှေးမွှေးလေးနဲ့မို့ စားလို့လဲ အရမ်းကောင်းသလို ကလေးဘဝထဲက အရမ်းကြိုက်တဲ့ ဟင်းလေးဆိုရင်လဲ မမှားပါဘူး။

ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းလေးပါ နောက်ပြီး အရသာမွှေးမွှေးချိုချိုလေးမို့ ကလေးတွေလဲနှစ်သက်မဲ့ ဟင်းလေးဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံ(250 g) - တစ်ခု
  2. ကြက်သွန်နီ - တစ်လုံး
  3. ကြက်သွန်ဖြူ - ငါးမွှာ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်

ပြင်ဆင်ပုံ

  1. ကြက်သားကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ သင့်သလိုထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  2. ရေခမ်းလာတာနဲ့ အအေးခံပြီး အသားတုံးလေးတွေ ရလာအောင် ထွင်ပေးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လှီးပေးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပေးပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲဆီနှင့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ာကက်သွန်ဖြူနီနှင့် ကြက်သွန်နီကိုထည့်ပြီး နွမ်းသွားအောင် ကြော်ပေးပါ
  7. ကြက်သွန်များ နွမ်းလာတာနဲ့ ကြက်သားနှင့် ငံပြာရည်ထည့်ပြီး ကြော်ပေးပါ
  8. ကြက်သားအပျော့ကြော်တာ ဖြစ်တဲ့အတွက် ကြက်သွန်နှင့် ကြက်သားသမသွားတာနဲ့ သုံးမိနစ်လောက် ကြော်ပေးပြီးရင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ပေးလို့ ရပါပြီ။

12 comments:

  1. စားချင်တယ် မမမာရေ ခုတလောဟင်းကိုမချက်ဖြစ်ဘူး ဗိုက်ဆာလိုက်တာ

    ReplyDelete
    Replies
    1. စားပါ စုရေ စုမအားဘူးလား
      မမာလဲ ကရောသောပါးချက်တဲ့ရက်တွေများနေတယ်..

      Delete
  2. ကြက်သားအပျော့ကြော်လေး စားသွားပါတယ် အစ်မ..
    အဲလိုမျိုးလေးစားရတယ်လဲ ကြိုက်တယ် .. ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ..

      Delete
  3. ကြက်သားအပျော့ကြော်လေးဆိုတော့ ထမင်းပူပူလေးနဲ့
    စားလိုက်ရရင်... ပြောရင်းဗိုက်ဆာလာပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ စားပါနော်

      လေးစားခင်မင်စွာဖြင့်
      မာမာ

      Delete
  4. ကြိုက်တယ်မမာရေ။
    မမန့် ဖြစ်ပေမဲ့တင်တာတွေ့ တိုင်းအချိန်ရတာနဲ့ အပြေးလာခဲ့တယ်နော်။း)
    စိုက်ထားတဲ့စားပင်လေးတွေတင်ပါအုန်း။ သဘောကျလို့ ပါ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ကျေးဇူးပါ အိုင်အိုရာရေ
      မမာတို့ဆီမှာနေတွေအရမ်းပူလို့ စိုက်ခင်းလေးခနနားထားရတယ်လေ
      စိုက်ဖြစ်ရင်တင်ပေးမယ်နော်..

      Delete
  5. This comment has been removed by the author.

    ReplyDelete
  6. မမ ဆိုဒ်ကိုဝင်ကြည့်၇တာ ဟင်းနဲ့တွေပါ၇လာသလိုဘဲ....သေ၇တွေပါကျတယ်....

    ReplyDelete
    Replies
    1. လာလည်တဲ့အတွက်ကျေးဇူးပါ Moon Light ရေ..

      Delete
  7. ကျေဇူးတင်ပါတယ်မမ
    ညီမလေးကဟင်းချက်ဝါသနာပါတယ်မမ
    အစာလည်းကောင်းကောင်းကြိုက်တယ်
    ကိုယ်ဘာသာချက်စားတာကိုနှစ်သက်တယ်
    ကျေးဇူးအထူးတင်ပါတယ်မမ

    ReplyDelete